မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင်လူ(၇)ဦးအား ကယ်ထုတ်ခဲ့

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင်လူ(၇)ဦးအား ကယ်ထုတ်ခဲ့

၂၀၂၁ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ မနက်ပိုင်း ၁၀ နာရီကျော်ခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက် (၅၈ လမ်းx ၁၁၂ လမ်း)ထောင့်တွင် လူစုလူဝေးအင်အားစုများမှ စုဝေးအော်ဟစ်ဆဲဆိုပြီး ရပ်ကွက်အတွင်းရှိ လူ ၇ ဦးအား (သူလျှို)(သတင်းပေး)ဟု အော်ဟစ်ဆဲဆိုရန်ဖြစ်ပြီး ထိန်းသိမ်းထားရှိကြောင်း သတင်းရရှိခဲ့ပါသည်။ 

၎င်းရရှိသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အင်အားစုစည်းပြီး လူအုပ်အတွင်း သွားရောက်ကာ ၎င်းတို့ ထိန်းသိမ်းထားရှိသော လူ(၇)ဦးအား ကယ်ထုတ်ခဲ့ပြီး ဒဏ်ရာရရှိသူ(၂)ဦးအားတပ်မတော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။ 

ယခုအချိန်ကာလသည် ဆူပူသူလူဆုလူဝေးအနေဖြင့် အကြမ်းဖက် အဖွဲ့အစည်း ကဲ့သို့ ရက်စက်ကြမ်းကြုပ်စွာ ဆောင်ရွက်လာပြီး အကွပ်မဲ့ကြမ်း ဗရမ်းဗတာ ဆိုသည့် စကားအတိုင်း လုပ်ရပ်များသည် ဥပဒေမဲ့ ဆောင်ရွက်လာနေသည်ကို တွေ့ရှိရသဖြင့် အေးချမ်းလုံခြုံမှုကို လိုလားသည့် ပြည်သူလူထုအနေဖြင့် ၎င်းကဲ့သို့ ဖြစ်စဉ်ဖြစ်ရပ်များ တွင်ပါဝင်မှုမရှိဘဲ ရှောင်ကျဉ်ကြပါရန် သတင်းထုတ်ပြန်အပ်ပါသည်။