မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် ဆူပူအကြမ်းဖက်မှုပြုလုပ်သူ လူအုပ်စုအတွင်းမှ အမျိုးသား(၁)ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် ဆူပူအကြမ်းဖက်မှုပြုလုပ်သူ လူအုပ်စုအတွင်းမှ အမျိုးသား(၁)ဦးသေဆုံး

နေပြည်တော်၊ မတ်လ ၅ ရက်
    
၂၀၂၁ ခုနှစ်၊ မတ်လ ၅ ရက်နေ့ နံနက်ပိုင်းမှစတင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ (မြတောင်)ဘုန်းတော်ကြီးကျောင်းတဝိုက်တွင် ပိတ်ဆို့ထားသော အတားအဆီးများအား ဖယ်ရှားရှင်းလင်းခြင်း၊ လူစုလူဝေးပြုလုပ်မှုများအား တားဆီးထိန်းသိမ်းခြင်းများကိုဆောင်ရွက် ခဲ့ပါသည်။
    
ထိုသို့ဆောင်ရွက်နေစဉ် နေ့လည်ပိုင်း ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ၃၅ လမ်း၊ (၈၆ - ၈၇) လမ်းကြားရှိ ချမ်းအေးသာစံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အဆောက် အဦအား ဆူပူသူလူအုပ်စုမှ ကျောက်တုံး၊ ကျောက်ခဲ့များဖြင့် ပစ်ပေါက်ဖျက်ဆီးနေကြောင်း သတင်းရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ထိန်းသိမ်းခဲ့ရပါသည်။ 
    
ထိန်းသိမ်းစဉ် ဆူပူသူလူအုပ်စု (၂၀၀)ဦးကျော်မှ  အဆောက်အဦအား ဖျက်ဆီးခြင်းအပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များကိုပါ ကုန်းသီး၊ သံဂေါ်လီ၊ ဖန်သီးများအသုံးပြု၍ လောက်လေးဂွများဖြင့် ပစ်ခတ်ခြင်း၊ ကျောက်ခဲများဖြင့်ပစ်ခတ်ခြင်း၊ ဂျင်ကလိဖြင့်ပစ်ခတ်ခြင်းများကိုပြုလုပ်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့ကိုင်ဆောင်သည့်ဒိုင်းများဖြင့် ကာကွယ်ခြင်းကိုသာ ဦးစားပေးဆောင်ရွက်ခဲ့ပါသည်။
    
၎င်းကဲ့သို့ဆောင်ရွက်နေစဉ် လူအုပ်စုအတွင်းမှ အမျိုးသား(၁)ဦး(စိစစ်ဆဲ)သည် ဓားကိုင်ဆောင်၍ တစ်ဟုန်ထိုးပြေးဝင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဓားဖြင့်ဝင်ရောက် ခုတ်ခဲ့ပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်လာသူ၏ပြုမူဆောင်ရွက်မှု ကြောင့် မိမိတို့၏အသက်အန္တရာယ်ကို သေဆုံးစေသည်အထိ ပြုမူလာချိန်တွင် (ရုန်းရင်း ဆန်ခတ်မှု)လက်စွဲဥပဒေပါ နောက်ဆုံးဆောင်ရွက်ရသည့်လုပ်ငန်းစဉ်အတိုင်း  အန္တရာယ်ပြုမူ လာသူအား ခြောက်လှန့်ပစ်ခတ်ခဲ့ရရာမှ သေဆုံးခဲ့ပါသည်။
    
ဖော်ပြပါဖြစ်စဉ်တွင် သေဆုံးခဲ့သူအား ဆေးရုံသို့ပို့ဆောင်၍ ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီ (သေမှုသေခင်း)ရေးဖွင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။