မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၌ မြို့နယ်လျှပ်စစ်ရုံးအား လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သည့် အကြမ်းဖက်သူအမျိုးသား ၂ ဦးအား တာဝန်သိပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၌ မြို့နယ်လျှပ်စစ်ရုံးအား လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သည့် အကြမ်းဖက်သူအမျိုးသား ၂ ဦးအား တာဝန်သိပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် ဖမ်းဆီးရမိ

နေပြည်တော်   ဇူလိုင်  ၁၂

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ်၌ မြို့နယ်လျှပ်စစ်ရုံးအား လက်လုပ် ဗုံးဖြင့် ပစ်ပေါက်ခဲ့သည့်  အကြမ်းဖက်သူ အမျိုးသား ၂ ဦးအား တာဝန်သိပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း  သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊   ကန်ကောက် ရပ်ကွက်၊ ၅၇ လမ်းနှင့် ၃၄ လမ်းကြားရှိ  မြို့နယ်လျှပ်စစ်ရုံးအား ဆိုင်ကယ်စီးနင်းလာ သည့် အကြမ်းဖက်သူအမျိုးသား ၂ ဦးက  လက်လုပ်ဗုံးဖြင့်ပစ်ပေါက်ခဲ့ရာ အဆိုပါဗုံးမှာ  ရုံးရှေ့သို့ကျရောက်ခဲ့ပြီး  ပေါက်ကွဲခြင်း မရှိဘဲ အကြမ်းဖက်သူအမျိုးသား ၂ ဦးသည်  ဆိုင်ကယ်ဖြင့် ၅၇ လမ်းအတိုင်း မောင်းနှင် ထွက်ပြေးသွားခဲ့ရာ ၅၇ လမ်းနှင့် ၃၅ လမ်း အရောက်၌  အသင့်တာဝန်ထမ်းဆောင် နေသော လုံခြုံရေးရဲတပ်ဖွဲ့ဝင်အချို့နှင့်အနီး  ပတ်ဝန်းကျင်ရှိ အကြမ်းဖက်မှုကိုမလိုလားသည့် တာဝန်သိပြည်သူ လူထုများက ဝိုင်းဝန်း ပိတ်ဆို့ဖမ်းဆီးခဲ့ရာ   လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သူ  အမျိုးသား ၂ ဦးအနက်  ရန်ကုန်တိုင်းဒေသကြီး၊    ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်၊ ရွှေဟင်္သာလမ်းနေ နေလင်းအောင်(၄၀)နှစ်  (ဘ)ဦးဝင်းအောင်အား ၎င်းစီးနင်းလာသည့် ဆိုင်ကယ်နှင့်အတူဖမ်းဆီးရမိခဲ့ပြီး ဆိုင်ကယ် တူးဘောက်အတွင်းမှ PVC ပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်ဗုံး ၃ လုံးအား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကာ ၎င်းနှင့်အတူ ပါဝင်သူ  လွင်မိုးဆိုသူမှာ ထွက်ပြေးလွတ်မြောက်သွား ခဲ့သည်။

ဆက်လက်၍ လက်လုပ်ဗုံးဖြင့်ပစ်ပေါက်ခဲ့ရာတွင် ပူးပေါင်းပါဝင်ခဲ့သူ တရားခံလွင်မိုး အားဖမ်းဆီး ရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုက်လံဖမ်းဆီးစဉ် တာဝန်သိပြည်သူများ၏ သတင်းပေးမှုအရ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ကန်ကောက်ရပ်ကွက်၊ ကန်ကောက်ကွက်သစ်လမ်း၌   တရားခံ လွင်မိုး(၂၅)နှစ်  (ဘ)ဦးသန်းလွင်အား  ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် အကြမ်းဖက်မှုကိုမလိုလားသည့် တာဝန်သိပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် ဖမ်းဆီးရမိခဲ့သည့် အကြမ်းဖက်သူ အမျိုးသား ၂ ဦးအား  ဥပဒေနှင့်အညီ  ထိရောက်စွာအရေးယူနိုင်ရေး  လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲပြန်ကြား