မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ COVID-19 ရောဂါတားဆီး ကာကွယ်ရေး  အတွက် စစ်ဆေးရေး ဆောင်ရွက်နေသည့် ရွှေကျင်စစ်ဆေးရေးဂိတ်အား လက်လုပ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သူ ၂ ဦးအား ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ COVID-19 ရောဂါတားဆီး ကာကွယ်ရေး  အတွက် စစ်ဆေးရေး ဆောင်ရွက်နေသည့် ရွှေကျင်စစ်ဆေးရေးဂိတ်အား လက်လုပ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သူ ၂ ဦးအား ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ ၂၅

    မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ COVID-19 ရောဂါတားဆီး ကာကွယ်ရေး  အတွက် စစ်ဆေးရေး ဆောင်ရွက်နေသည့် ရွှေကျင်စစ်ဆေးရေးဂိတ်အား လက်လုပ်ဗုံးဖြင့် ပစ်ခတ်  တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သူ ၂ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

    ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၅ ရက်နေ့နံနက်ပိုင်းတွင်  ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-မတ္တရာ ကားလမ်း ပေါ် ရွှေကျင်စစ်ဆေးရေး ဂိတ်ဟောင်းအနီး COVID-19 ရောဂါတား ဆီးကာကွယ်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက စစ်ဆေးရေး ဆောင်ရွက်နေစဉ် ဆိုင်ကယ် မောင်းနှင်လာသည့် အကြမ်းဖက်သူ အမျိုးသားတစ်ဦးက လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ခဲ့ရာ စစ်ဆေးရေးဂိတ်၏ မြောက်ဘက်ရှိ သဲအိတ်ဘန်ကာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပါသည်။

    ထိုကဲ့သို့ လက်လုပ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ကာ ထွက်ပြေးသွားသည့် အကြမ်းဖက်သမားအား လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ပတ်ဝန်းကျင်ရှိ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ အောင်မြေသာ စံမြို့နယ်၊ ဥယျာဉ်ရပ်ကွက်နေ လွင်ထူး (၄၇)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ ၎င်း၏သားဖြစ်သူ ကျော်ဇင်မင်း (၁၇)နှစ် အား ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။

    ဖြစ်စဉ်တွင် လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် လမ်းမပေါ်တွင် ဆိုင်ကယ်ဖြင့် သွားလာနေ သည့် မတ္တရာမြို့နယ်၊ နံ့သာမြိုင်ကျေးရွာနေ အမျိုးသမီးငယ် ၃ ဦးတို့တွင် ဖူးရောင်နာကျင် ဒဏ်ရာများ ရရှိခဲ့သဖြင့် လွင်ထူးပါ ၂ ဦးအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။