မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် ဆူပူဆန္ဒပြလူစုလူဝေးများအား ဖြိုခွဲထိန်းသိမ်းစဉ် ဒေသန္တရလုပ်လုပ်ဒိုင်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိမှု

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် ဆူပူဆန္ဒပြလူစုလူဝေးများအား ဖြိုခွဲထိန်းသိမ်းစဉ် ဒေသန္တရလုပ်လုပ်ဒိုင်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိမှု

နေပြည်တော်၊ မတ် ၁၃

 နိုင်ငံတော်ဆန့်ကျင်ရေးကို နည်းမျိုးစုံအသုံးပြုဆောင်ရွက်နေကြသော ဆူပူဆန္ဒပြသူ လူစုလူဝေးအများစုသည်  လမ်းပေါ်သို့မထွက်ထွက်အောင်၊ အစုအဝေးမဖြစ်ဖြစ်အောင်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံရန် ဆောင်ရွက်နေကြသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် နိုင်ငံတော်နှင့် အများပြည်သူလူထုကို ထောက်ရှု့ကာ ဆူပူဆန္ဒပြလူအုပ်စုများအား သတ်မှတ်ချက်နှင့်အညီ လူစုခွဲရှင်းလင်းသွားရမည်သာ ဖြစ်ပေသည်။

၂၀၂၁ ခုနှစ်၊ မတ်လ ၁၃ ရက်‌နေ့ နံနက် ၁၀ နာရီ ၅ မိနစ်အချိန်ခန့်တွင်  မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျှပ်မှော်အနောက်ရပ်ကွက် ၄၁ လမ်းနှင့် ၉၁ လမ်းထောင့်၌ ဦးဆောင်သူ(စိစစ်ဆဲ) လူစုလူဝေးအင်အား (၅၀၀) ဦးခန့်သည် ဆူပူအော်ဟစ် ဆန္ဒပြနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့က လူစုလူဝေးဖြိုခွဲရေးအား ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ရပါသည်။

ဆူပူဆန္ဒပြလူစုလူဝေးများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်ရန်ပြုခြင်းများ ဆောင်ရွက်လာသဖြင့် မျက်ရည်ယိုဗုံးနှင့် အဓိကရုဏ်းနှိမ်နင်းရေးလက်နက်များ အသုံးပြုလူစုခွဲခဲ့ရာ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့်တွင်  လူစုကွဲသွားခဲ့ပြီး ဆူပူဆန္ဒပြသူ အမျိုးသား(၃၁)ဦးနှင့် အမျိုးသမီး(၅)ဦး၊ စုစုပေါင်း (၃၆)ဦးတို့အား ထိန်းသိမ်းဖမ်းဆီးရမိခဲ့ပါသည်။

၎င်းရပ်ကွက်အတွင်းရှိ “မိုးကောင်း”နှင့် “ပတ္တမြား”ကျောင်းတိုက်အတွင်းမှ လက်လုပ်ဒိုင်း ၅၇ ခု၊ လက်လုပ်မိုင်း ၂၄ ခု၊ ငရုတ်ကောင်းမှုန့်ထည့်ထားသည့် စပရေးဘူးများ၊ ရောင်ပြန်အင်္ကျီများ၊ လှုံဆော်ရေးစာသားပါဗီနိုင်းကားချပ်များ၊ ပုလင်းကွဲမိုင်းများ၊ လက်လုပ်နင်းမိုင်းများနှင့် ဆိုင်ကယ် ၁၁၀ စီး၊ မော်တော်ယာဉ် ၈ စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။