မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ဆူပူအကြမ်းဖက်သူလူစုလူဝေးအား ဖြိုခွဲစဉ် ဆူပူအကြမ်းဖက်သူ ၂ ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ဆူပူအကြမ်းဖက်သူလူစုလူဝေးအား ဖြိုခွဲစဉ် ဆူပူအကြမ်းဖက်သူ ၂ ဦးသေဆုံး

နေပြည်တော်၊ မတ်လ ၁၅    

    
ဆူပူအကြမ်းဖက်မှုလုပ်ငန်းများကို နည်းမျိုးစုံဖြင့် ဆောင်ရွက်လာကြသော လူစုလူဝေးများ သည် အများပြည်သူလူထု၏ မျက်နှာကိုထောက်ရှု့မှုမရှိဘဲ မိမိတို့အား ကြိုးကိုင်ခြယ်လှယ်သွေးထိုး လှုံ့ဆော်နေသော NLD ပါတီ၏ နောက်ကွယ်မှ ညွှန်ကြားချက်အတိုင်း နေရာဒေသအများအပြားတွင် အဖျက်အမှောက်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိနေပါသည်။
    
၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မြင်းခြံမြို့၊ အမှတ်(၇) ရပ်ကွက်၊ သုဓမ္မာလမ်းဆုံ၌ ဦးဆောင်သူ(စိစစ်ဆဲ) ဆူပူအကြမ်းဖက်သူအင်အား (၆၀၀) ကျော်ခန့်သည် အကြောင်းမဲ့ ဆူပူအော်ဟစ်၍ အနီးပတ်ဝန်းကျင်ရှိ အဆောက်အဦများကို မီးပုလင်းများဖြင့် မီးရှို့ရန် ကြံစည်လာပြီး ဆူပူအကြမ်းဖက်သူ အများစုအနေဖြင့် အရက်/မူးယစ်ဆေးဝါး သုံးစွဲထားကြသည့် ပုံသဏ္ဍာန်အမျိုးမျိုးတွေ့ရှိရကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အမျိုးမျိုးအကြမ်းဖက်ရန်ပြု ဆောင်ရွက် လာကြသဖြင့် အဓိကရုဏ်းနှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်အညီ ခြောက်လှန့်ပစ်ခတ် လူစုခွဲခဲ့ရပါသည်။
    
အထက်ပါဖြစ်စဉ်တွင် ဆူပူအကြမ်းဖက်သူ လူအုပ်စုအတွင်းမှ အမျိုးသား ၂ ဦး (စိစစ်ဆဲ)မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။ ဖြစ်စဉ်တွင် ဂျင်ကလိ၊ စတီးဒိုင်း၊ ပေပါဒိုင်းနှင့် မီးသတ်ဆေးဘူးများအား သိမ်းဆည်း ရမိခဲ့ပြီး သေဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်၍ သေမှုသေခင်းရေးဖွင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။