မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့၌ CDM ပြုလုပ်နေ သူများအား ငွေကြေးထောက်ပံ့သူ အမျိုးသမီး ၁ ဦးနှင့် CDM ပြုလုပ်နေသော ရဲတပ်ဖွဲ့ဝင် ၆ ဦး တို့အား လက်နက်ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့၌ CDM ပြုလုပ်နေ သူများအား ငွေကြေးထောက်ပံ့သူ အမျိုးသမီး ၁ ဦးနှင့် CDM ပြုလုပ်နေသော ရဲတပ်ဖွဲ့ဝင် ၆ ဦး တို့အား လက်နက်ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

 
နေပြည်တော်၊ ဇူလိုင် ၁၁

 
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့၌ CDM ပြုလုပ် နေသူများအား ငွေကြေးထောက်ပံ့သူ အမျိုးသမီး ၁ ဦးနှင့် CDM ပြုလုပ်နေသော ရဲတပ်ဖွဲ့ဝင် ၆ ဦး တို့အား လက်နက်ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 
ဖြစ်စဉ်မှာ ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် မန္တလေးတိုင်း ဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမှတ်(B-14)နေ ဒေါ်ဝင်းသီ(၄၇)နှစ် (ဘ)ဦးထွန်းအောင်သည် CDM ပြုလုပ်နေသူများအား ငွေကြေးထောက်ပံ့ခြင်းပြုလုပ်ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့က ၎င်း၏ နေအိမ်၌ သွားရောက်ရှာဖွေခဲ့ရာ ဒေါ်ဝင်းသီအား နေအိမ်၌ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ မန္တလေးတောင်ခြေရှိ ဦးခန္တီဘုန်းကြီးကျောင်းတိုက် အတွင်း၌ CDM ပြုလုပ်နေသော ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိနေထိုင်လျက်ရှိကြောင်း သိရှိရသဖြင့် ၎င်းဘုန်းကြီးကျောင်းတိုက်အတွင်းသို့ သွားရောက်စစ်ဆေးခဲ့ရာ CDM ပြုလုပ်နေသော ရဲတပ်ဖွဲ့ ဝင်များဖြစ်သည့် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ ရဲဒုတပ်ကြပ် ရဲလင်း၊ မြို့သာမြို့မရဲစခန်းမှ ရဲတပ်သား ညီညီမင်းထက်နှင့် ကျောက်ဆည်မြို့မရဲစခန်းမှ ရဲတပ်သား ဝင်းနိုင်ကိုတို့အား တွေ့ရှိ ဖမ်းဆီးရမိခဲ့ပါသည်။
အလားတူ ည ၆ နာရီ ၅ မိနစ်ခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ ကျီကုန်းကျေးရွာ၌ CDM ပြုလုပ်နေသော ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိနေထိုင်လျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်ဖမ်းဆီးခဲ့ရာ CDM ပြုလုပ်နေသော ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးအဖွဲ့အား လက်လုပ်မိုင်းဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့သောကြောင့် သတိပေးပစ်ခတ်ဖမ်းဆီးခဲ့ရာ CDM ပြုလုပ် နေသော ရဲတပ်ဖွဲ့ဝင် ၃ ဦးတို့အား လက်လုပ်မိုင်း ၆ လုံး၊ I-Con ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ ပါသည်။

 
ဖြစ်စဉ်တွင် CDM ပြုလုပ်နေသော ရဲတပ်ဖွဲ့ဝင်များဖြစ်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ချမ်းအေးသာစံ)မှ ရဲတပ်သား ခန့်ကိုကိုမောင်တွင် ကျောကုန်းကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိ သေဆုံးခဲ့ကာ ရဲဒုတပ်ကြပ် ဖိုးပြည့်တွင် ဝဲလက်ညိုးထိမှန်ဒဏ်ရာရရှိခဲ့ပြီး သဲကုန်းမြို့မရဲစခန်းမှ ရဲတပ်သား ကျော်မင်းထက်အား ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပါသည်။
အထက်ပါဖြစ်စဉ်များတွင် ဖမ်းဆီးရမိခဲ့သည့် CDM ပြုလုပ်လျက်ရှိသော ရဲတပ်ဖွဲ့ဝင် များအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။