မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်တွင် ဆူပူဆန္ဒပြသူ(၁)ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်တွင် ဆူပူဆန္ဒပြသူ(၁)ဦးသေဆုံး

နေပြည်တော်၊ မတ်လ ၅ ရက်
    
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ၆၂ လမ်းနှင့် မနော်ဟရီလမ်းထောင့်တွင် ဆူပူဆန္ဒပြသူလူအုပ်စုများကို ထိန်းသိမ်းဖြိုခွဲရေး၊ လမ်းကြောင်းပိတ်ဆို့မှုများရှင်းလင်းရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့အနေဖြင့် ၂၀၂၁ ခုနှစ်၊ မတ်လ       ၅ ရက်နေ့တွင် အခြေပြု၍ လုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။ 
    
ထိုသို့လုပ်ငန်းများဆောင်ရွက်နေစဉ် နေ့လည် ၁ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် မန္တလေး မြို့ပေါ်ရှိ လမ်းကြောင်းများအား အတားအဆီးများ ပိတ်ဆို့ထားရှိမှုများအား ရှင်းလင်းဖယ် ရှားနေစဉ် ၄၉လမ်း/ ၁၁၁(အေ)လမ်းနှင့် ၁၁၁ (ဘီ)လမ်းများအရောက်တွင် ဆူပူဆန္ဒပြသူ (၁၀၀)ဦးကျော်ခန့်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အရှေ့ဘက်တွင် လူအုပ်စုဖွဲ့၍ ရန်ပြုအကြမ်း ဖက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပစ်ခတ်မှုများဆောင်ရွက်ခဲ့ရကြောင်းနှင့် လူအုပ်စု ပြိုကွဲသွားခဲ့ကြောင်း သိရှိရပါသည်။
    
ယင်းနေ့ နေ့လည်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက် ၁၁၁(အေ)နှင့် ၁၁၁(ဘီ)လမ်းကြား ၄၉ လမ်းတွင် အသက်(၂၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး(စိစစ်ဆဲ)သည် လည်ပင်းတွင်ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားခဲ့သဖြင့် လူမှုကူညီရေးအသင်းယာဉ်ဖြင့် သယ်ဆောင်သွားကြောင်းသတင်းရရှိပါသည်။
    
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ သတင်းဆက်ရရှိရေးအတွက် ဆက်လက်စုံစမ်းစစ်ဆေး လျက်ရှိကြောင်းနှင့် ဥပဒေနှင့်အညီ (သေမှုသေခင်း)ရေးဖွင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။