မန္တလေးမြို့ပေါ်ရှိ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

မန္တလေးမြို့ပေါ်ရှိ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

 
နေပြည်တော်၊ ဇူလိုင် - ၁၁

 
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ နဒီမြန်မာဟိုတယ်၌COVID-19 Test Centre ပြုလုပ်ထားရှိမှုကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် တာဝန်ရှိသူများက ယနေ့ နေ့လယ်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းစဉ် များနှင့်ပတ်သက်၍ Best Management ဖြစ်အောင် ပြင်ဆင်ထားရှိမှုများအား ရှင်းလင်းတင်ပြရာ တိုင်းမှူးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 
ဆက်လက်ပြီး တိုင်းမှူးနှင့်အဖွဲ့သည် ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာ သီရိအားကစားကွင်း၌ COVID-19 ရောဂါ အတည်ပြုလူနာများအတွက် လိုအပ်သော အောက်စီဂျင်များ လုံလောက်စွာပေးအပ်နိုင်ရေးအတွက် ပြုလုပ်ထားသော Oxygen Plant နှင့် ချမ်းမြသာစည်လေဆိပ်ဟောင်း၌ ပြင်ဆင်ဆောင်ရွက်နေသော COVID-19 ရောဂါ ကုသရေးဌာနတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးသည်။ အဆိုပါ ကုသေရေးဌာနသည် အရေးပေါ်လူနာ ၆၀ ဦးဆံ့ တစ်ခန်းနှင့် အတည်ပြုလူနာ ၇၂ ဦးဆံ့နှစ်ခန်း စုစုပေါင်း ၂၀၄ ဦးအား ကုသပေးနိုင် မည်ဖြစ်ကြောင်း သိရှိရသည်။

 
ထို့နောက်တိုင်းမှူးနှင့်အဖွဲ့သည် မန္တလေးမြို့နေပြည်သူများအနေဖြင့် COVID-19 ရောဂါ ကာကွယ်တားဆီးရေးအတွက် ထုတ်ပြန်ထားသော Stay Home စည်းကမ်း ချက်လိုက်နာမှုအပေါ် မန္တလေးမြို့တွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း သတင်းရရှိသည်။