မန္တလေးမြို့ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဆရာဝန်ကြီးများအား တွေ့ဆုံ

နေပြည်တော်၊ ဇွန် - ၁၇
    
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ဆရာဝန်ကြီးများအား တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး၊ မန်းတောင်ရိပ်ခို (၉)ထပ်ဆောင်ရှိ ဆေးကုသ ရေးဆောင် အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး၊ စီမံ အုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဝင် များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မန္တလေးမြို့ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ဆရာဝန်ကြီးများ တက်ရောက်ကြသည်။
    
ဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ က အမှာစကားပြော ကြားသည်။ ထို့နောက် မန္တလေးအထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာ သက်အောင်နှင့် ဆရာဝန်ကြီးများက COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌနှင့် တိုင်းမှူးတို့က လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။    
    
ယင်းနောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌနှင့် တိုင်းမှူး တို့က ဆေးရုံအတွင်းရှိ COVID-19 လူနာများအတွက် ပြုလုပ်ထားသော Oxygen Plant နှင့် COvid-19 သံသယလူနာကုသဆောင်ပြင်ဆင်ထားရှိမှုတို့ကို  လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
    
၎င်းနောက် တိုင်းမှူးသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် COVID-19 လူနာများကုသရေးအတွက် Control Room များ၊ ကုသဆောင်၊ ထမင်းစား ဆောင်များ၊ စားချက်ဆောင်နှင့် ပြင်ဆင်ဆောင်များ ကြိုတင်ပြင်ဆင်ထားရှိမှု များကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။