မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ဒီဘရိုင်းကို ဒုတိယအသင်းခေါင်းဆောင်နေရာမှဖယ်ရှားပြီး ၎င်း၏နေရာ၌ ဂန်ဒိုဂန်ကို ခန့်အပ်

မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ဒီဘရိုင်းကို ဒုတိယအသင်းခေါင်းဆောင်နေရာမှဖယ်ရှားပြီး ၎င်း၏နေရာ၌ ဂန်ဒိုဂန်ကို ခန့်အပ်

မန်ချက်စတာ၊ ဘောလုံး

မန်စီးတီးအသင်းက ကွင်းလယ်ကစားသမား ဒီဘရိုင်းကို ဒုတိယအသင်းခေါင်းဆောင်နေရာမှ ဖယ်ရှားပြီး ၎င်း၏နေရာ၌ ဂန်ဒိုဂန်ကို ခန့်အပ်ခဲ့ကြောင်း သိရသည်။

မန်စီးတီးအသင်းကအသင်းမှ ဝါရင့်ကွင်းလယ်ကစားသမား ဒေးဗစ်ဆေးလ်ဗားထွက်ခွာခဲ့ပြီးနောက် ဖာနန်ဒင်ဟိုကို အသင်းခေါင်း ဆောင်အဖြစ် ခန့်အပ်ခဲ့ကာ ဒုတိယအသင်းခေါင်းဆောင်အဖြစ် ဒီဘရိုင်းကို ခန့်အပ်ထားခြင်းဖြစ်သည်။ သို့သော် ဒီဘရိုင်းအနေဖြင့် ဒဏ်ရာရရှိမှုများကြောင့် ဒုတိယအသင်းခေါင်းဆောင်နေရာကိုအပြောင်းအလဲပြုလုပ်ခဲ့ပြီး နည်းပြဂွါဒီယိုလာက ဒီဘရိုင်းအစား ဂန်ဒိုဂန် ကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မန်စီးတီးအသင်းခေါင်းဆောင် ဖာနန်ဒင်ဟို၏နောက်၌ ဒုတိယအသင်းခေါင်းဆောင်အဖြစ် ဂန်ဒိုဂန်၊ တတိယအသင်း ခေါင်းဆောင်အဖြစ် ရူဘင်ဒီယက်စ်နှင့် စတုတ္ထအသင်းခေါင်းဆောင်အဖြစ် ဒီဘရိုင်းတို့ကို ပြောင်းလဲတာဝန်ပေးအပ်ထားသည်။

မန်စီးတီးအသင်း၏ အသင်းခေါင်းဆောင်နေရာကို နည်းပြဂွါဒီယိုလာက ရွေးချယ်တာဝန်ပေးအပ်ခြင်းမဟုတ်ဘဲ အသင်းရှိ ကစားသမားများအချင်းချင်း မဲပေးရွေးချယ်သည့်စနစ်ဖြင့် ခန့်အပ်ခြင်းဖြစ်ပြီး ဒီဘရိုင်းသည် ယခုဘောလုံးရာသီတွင်လည်း ဒဏ်ရာပြဿနာများကြောင့် အသင်းနှင့် တစ်ပွဲသာပါဝင်ကစားထားကြောင်း သိရသည်။          

Ref;The Athletic