မန်ယူအသင်းနှင့် အပြောင်းအရွှေ့ဖြစ်မြောက်ရန် နီးစပ်နေသည့် ရင်းနက်စ်အသင်းမှ ကာမာဗင်ဂါကို ချယ်လ်ဆီးအသင်း ကြားဖြတ်ကမ်းလှမ်းရန်ကြိုးပမ်း

မန်ယူအသင်းနှင့် အပြောင်းအရွှေ့ဖြစ်မြောက်ရန် နီးစပ်နေသည့် ရင်းနက်စ်အသင်းမှ ကာမာဗင်ဂါကို ချယ်လ်ဆီးအသင်း ကြားဖြတ်ကမ်းလှမ်းရန်ကြိုးပမ်း

မန်ယူအသင်းနှင့်  အပြောင်းအရွှေ့ဖြစ်မြောက်ရန် နီးစပ်နေသည့် ရင်းနက်စ်အသင်းမှ လူငယ်ကွင်းလယ် ကစားသမား    ကာမာဗင်ဂါကို    ချယ်လ်ဆီးအသင်း  ကြားဖြတ်ကမ်းလှမ်းရန် ကြိုးပမ်းလျက်ရှိကြောင်း သိရ သည်။

မန်ယူအသင်းက အနာဂတ်မရေမရာဖြစ်နေသည့် ပေါ့ဂ်ဘာ၏နေရာ၌ ကာမာဗင်ဂါနှင့် အစားထိုးလိုနေ ပြီး  အစောပိုင်းကတည်းက  အပြောင်းအရွှေ့အတွက် တရားဝင်ဆွေးနွေးမှုများပြုလုပ်ရာ  ကစားသမားနှင့် အကြိုသဘောတူညီမှု ရရှိထားသည်ဟု သတင်းထွက် ပေါ်နေခြင်းဖြစ်သည်။

သို့သော် ချယ်လ်ဆီးအသင်းက လက်ရှိဂိုးသမား မန်ဒီကိုခေါ်ယူစဉ်ကတည်းက ရင်းနက်စ်အသင်းနှင့် ကောင်းမွန်သည့် ဆက်ဆံရေးများရှိသောကြောင့် ကာမာဗင်ဂါကို  မန်ယူအသင်းနှင့်   အပြောင်းအရွှေ့ ဖြစ်မြောက်ရန်   နီးစပ်နေသော်လည်း   ချယ်လ်ဆီးအသင်းက လက်ဦးမှုရယူပြီး ခေါ်ယူရန်ပြင်ဆင်လာ ခြင်းဖြစ်သည်။

လက်ရှိချယ်လ်ဆီးအသင်း၏ အားကစားဒါရိုက်တာ ပီတာချက်သည်လည်း ရင်းနက်စ်အသင်း၌ ကစား သမားဘဝကိုစတင်ခဲ့သူဖြစ်ပြီး ရင်းနက်စ်အသင်းမှ တာဝန်ရှိသူများနှင့် ရင်းနှီးသူဖြစ်သောကြောင့် အပြောင်း အရွှေ့အတွက်ဆွေးနွေးနေပြီး   မန်ယူအသင်းထက် လက်ဦးမှုရယူရန်  ကြိုးပမ်းလျက်ရှိကြောင်း   သိရသည်။      

Ref: 90 Min