မန်းရွှေစက်တော်ရာ ဘုရား ရွှေသင်္ကန်းကပ်လှူခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ခြင်း မင်္ဂလာပြုလုပ်

နေပြည်တော် ဖေဖော်ဝါရီ ၁၆

မကွေးတိုင်း ဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး-စကုမြို့နယ်ရှိ မန်းရွှေစက်တော်ရာ ဘုရားဖွင့်လှစ်၍  ရွှေသင်္ကန်း ကပ်လှူခြင်း နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ခြင်း မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ မန်းရွှေစက်တော်ရာ ဘုရား(အောက်ခြေ တော်ရာ)နှင့် အထက်စက်တော်ရာဗုဒ္ဓပါဒ စေတီတော်တို့၌ ကျင်းပပြု လုပ်သည်။

အဆိုပါအခမ်းအနားကို မကွေးတိုင်း ဒေသကြီး၊ သံဃနာယကအဖွဲ့အကျိုးတော် ဆောင် နတ်မောက်မြို့၊ ဒီပင်္ကရာ ကျောင်းတိုက် ဦးစီးပဓာနဆရာတော် ဘဒ္ဒန္တသုမန အမှူးပြုသော  နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်၊ တိုင်းဒေသ ကြီး  သံဃာ့ဝန်ဆောင်၊  မြို့နယ် သံဃနာယကအဖွဲ့  အကျိုးတော်ဆောင် ရွှေစက်တော်သြဝါဒါစရိယ မြို့နယ် သံဃနာယကအဖွဲ့ဝင်   ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး ပဒါန်းတပ်နယ်မှ ဗိုလ်မှူးချုပ် မျိုးသန့်နှင့် အဖွဲ့ဝင်များ၊ တိုင်း ဒေသကြီးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဦးစွာငဖဲမြို့၊ ဥတ္တရာရာမ(ပဒါန်း)ကျောင်း ပဓာနနာယက မန်းရွှေစက်တော်ရာ ဘုရားဂေါပကအဖွဲ့   သြဝါဒါစရိယ ဆရာ တော် ဘဒ္ဒန္တဝိသုတနှင့် တာဝန်ရှိသူများက အောက်စက်တော်ရာ   အလင်းပေါက် ဖန်အုပ်ဆောင်းတော်အား  စက်ခလုတ် နှိပ် ဖွင့်လှစ်ကြပြီး အောက်စက်တော်ရာအား နမ္မဓာရေစင်ဖြင့် သွန်းဖျန်း၍ ရွှေသင်္ကန်း တော် ဆက်ကပ် ပူဇော်ကြပြီး ဆရာတော်၊ သံဃာတော်များက  တံခွန်ကုက္ကားများ ဆက်ကပ်ကာ  အောက်စက်တော်ရာ ပါဒ စေတီတော်မြတ်အား ဗုဒ္ဓါဘိသေကအနေ ကဇာတင်ပူဇော်ကြသည်။

ဆက်လက်၍ ဆရာတော်၊ သံဃာတော် များနှင့် တာဝန်ရှိသူများက အထက်စက် တော်ရာပါဒစေတီတော်အား ရွှေသင်္ကန်း ဆက်ကပ်ပူဇော်ပြီး ဆရာတော်၊ သံဃာတော် များက တံခွန်ကုက္ကားများဆက်ကပ်၍ ဗုဒ္ဓ ဘိသေကအနေကဇာတင်ပူဇော်ကြသည်။

ထို့နောက် တက်ရောက်လာကြသူများက ပထမရွှေကျမ်းတိုက်သစ် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တခမာစာရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်အရှင် သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရား တော်များကို နာယူပူဇော်ကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်ကာ လှူဒါန်းမှုအစုစုအတွက် မင်းဘူး-စကုမြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် မင်းဘူးမြို့၊ မှန်ကင်းတိုက် သာသနာ့ဝေပုလ္လ ကျောင်း၊ ပဓာန နာယကဆရာတော် ဘဒ္ဒန္တပုညထံမှ အနု မောဒနာတရားနာယူခဲ့ကြကြောင်း သတင်း ရရှိသည်။