မန်းဝင်းခိုင်သန်း (ဘ) မန်းသန်းရှိန်ကို ဥပဒေနှင့်အညီ တရားစွဲဆို

နေပြည်တော်   မတ်  ၁၇

မန်းဝင်းခိုင်သန်း (ဘ) မန်းသန်းရှိန်ကို ဥပဒေနှင့်အညီ တရားစွဲဆိုထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန် ချက်အရ  သိရသည်။

အဆိုပါ  သတင်းထုတ်ပြန်ချက်အရကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၃)ရပ် ကွက်နေ မန်းဝင်းခိုင်သန်း (ဘ)မန်းသန်းရှိန်သည် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန် မှုကို  ကျူးလွန်နေသော  တရားမဝင်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၏ ခေတ္တဒုတိယသမ္မတအဖြစ် ခန့်အပ်ခြင်းကို လက်ခံပြီး နိုင်ငံတော်အစိုးရအား သစ္စာဖောက်ဖျက်ကာ လူမှုကွန်ရက်မှနေ၍ စင်ပြိုင်အစိုးရသဖွယ် နိုင်ငံတော် အကြီးအကဲတစ်ဦးကဲ့သို့ မိန့်ခွန်းပြောကြားခြင်း၊ ၎င်း၏ပြောကြားချက်များတွင်လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ တရားဝင်ရပ်တည်လျက်ရှိသော နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ(အစိုးရ)အား ဆန့်ကျင် ဖြိုဖျက်ရန် လှုံ့ဆော်တိုက်တွန်းမှုများပြုလုပ်သဖြင့် ၎င်းအား ရာဇသတ်ကြီးပုဒ်မ ၁၂၂(၁)ဖြင့်မတ် ၁၇ ရက်တွင်  မြဝတီခရိုင်တရားရုံးသို့ တရားစွဲဆိုထားရှိရာ ရာဇဝတ်ကြီးမှုအမှတ်(၂၁/၂၀၂၁)ဖြင့် လက်ခံစစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

ရဲပြန်ကြား