မလေးရှားရဲတပ်ဖွဲ့က အမေရိကန်ဒေါ်လာသန်း ၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

 

မလေးရှားရဲတပ်ဖွဲ့သည် အမေရိကန် ဒေါ်လာသန်း ၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သိမ်းဆည်း ရမိကြောင်းနှင့် ယခုကဲ့သို့ သိမ်းဆည်းရမိမှုပမာဏသည် မလေးရှား နိုင်ငံသမိုင်းတွင်  အကြီးဆုံးဖြစ် ကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ ၁၇ ရက်တွင် ပြောသည်။

ဇန်နဝါရီ ၁၂ ရက်တွင် ဂျိုဟိုးပြည်နယ် မှ မူးယစ်ဆေးဝါးမှောင်ခိုကူးသူနှင့် ဖြန့်ဖြူး သူ ၁၄ ဦးကို ဖမ်းဆီးရမိပြီးနောက် ၎င်းင်းတို့ကို စစ်ကြောချက်အရ ဇန်နဝါရီ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် လုပ်ဆောင်သည့်  စီးနင်း ဝင်ရောက်မှု သုံးခုအတွင်း အဆိုပါမူးယစ် ဆေးဝါးများကို သိမ်းဆည်းရမိခြင်း ဖြစ်သည်။

ကနဦးလုပ်ဆောင်သည့်စီးနင်းမှုတွင် တာဝန်ရှိသူများသည် မူးယစ်ဆေးဝါးချက်လုပ်ရာ ဓာတ်ခွဲခန်း နှစ်ခန်းနှင့် မူးယစ်ဆေးဝါး များသိုလှောင်ထားသည့် ဂိုဒေါင်နှစ်လုံးကို ရှာဖွေတွေ့ရှိသည်။ အဆိုပါ စီးနင်းမှုများအားလုံးမှ သိမ်း ဆည်းရမိသည့် မူးယစ်ဆေးဝါးများမှာ စိတ်ကြွဆေးအမှုန့် ၃ ဒသမ ၂ တန်၊ စိတ်<က ဆေးအရည် ၂၆ ဒသမ ၁ ကီလိုဂရမ်၊ အီရီမင်-၅ ပေါင်ဒါအမှုန့် ၁၁၇ ကီလိုဂရမ် တို့ဖြစ်သည်။

သိမ်းဆည်းရမိသည့်မူးယစ်ဆေးဝါးများ အားလုံးသည် မူးယစ်ဆေးစွဲသူ ၁၁ သန်း အသုံးပြုနိုင်သော  ပမာဏဖြစ်ကြောင်း တာဝန်ရှိသူများကပြောသည်။ ရဲတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးများ နှင့်အတူ ဇိမ်ခံကားလေးစီး၊ ငွေသားရင်းဂစ် ငါးသန်း၊ ရင်းဂစ် ၂၃၀၀၀၀ ကျော်တန်ဖိုး ရှိသည့် ပြည်ပငွေကြေးများ၊  လက်ဝတ် ရတနာအမျိုး ၃၀၊ ရိုးလက်(စ်)နာရီသုံးလုံး နှင့် ငွေသားရင်းဂစ် ၁ ဒသမ ၂ သန်းထည့်  ထားသော   ဘဏ်စာရင်း ၆၂ ခုတို့ကိုလည်း သိမ်းဆည်းရမိကြောင်း    သိရသည်။