မသမာသူအကြမ်းဖက်လူအုပ်စုများ၏ လူလုပ်အတားအဆီးများကို ဖယ်ရှားရှင်းလင်း၍ ပျဉ်းမနား- မလွှကုန်း မီးရထားခရီးစဉ်အား အောင်မြင်စွာ ပြေးဆွဲနိုင်ခဲ့

 

မသမာသူအကြမ်းဖက်လူအုပ်စုများ၏ လူလုပ်အတားအဆီးများကို ဖယ်ရှားရှင်းလင်း၍ ပျဉ်းမနား- မလွှကုန်း မီးရထားခရီးစဉ်အား အောင်မြင်စွာ ပြေးဆွဲနိုင်ခဲ့

နေပြည်တော်၊ မတ် - ၁၆
    
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိစဉ် အကြမ်းဖက်လူအုပ်စုများက အုပ်ချုပ်ရေးယန္တရားပျက်ပြားစေရန်ရည်ရွယ်ပြီး နိုင်ငံအဝန်း လမ်းပန်းဆက်သွယ်ရေးတွင်အဓိကကျသည့် ပစ်မှတ်များအဖြစ် မီးရထားလမ်းများအား ပိတ်ဆို့ခြင်း၊ ကားလမ်းများအား ပိတ်ဆို့တားဆီးခြင်းများအပါအဝင် နိုင်ငံအဝန်းလမ်းပန်း ဆက်သွယ်ရေးကိစ္စရပ်များ ရပ်တန့်သွားစေရန် အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင် လျက် ရှိသည်။
    
ယင်းသို့ ဆောင်ရွက်မှုများကြောင့် ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလာမှုလုပ်ငန်းများ ပြတ်တောက်မှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မီးရထားဝန်း အသီးသီးတွင် ပိတ်ဆို့ထားသည့် အတားအဆီးများအား ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ပျဉ်းမနား- မလွှကုန်း (သံလမ်းမိုင် ၂၂၅ မိုင်) ခရီးစဉ်ကို မြန်မာ့မီးရထား၏ စက်ခေါင်းတစ်ခေါင်း၊ ကုန်ပါ ၁၄ တွဲ၊ ကုန်မဲ့ ၁ တွဲ စုစုပေါင်း ၁၅ တွဲပါ ကုန်တင်မီးရထား တစ်စင်းဖြင့် မတ် ၁၂ ရက် နံနက် ၆ နာရီခန့်တွင် ပျဉ်းမနားဘူတာမှ စတင်ပြေးဆွဲခဲ့သည်။
    
အဆိုပါ မီးရထားခရီးစဉ်တွင် တပ်မတော်မီးရထားမှ အရာရှိဦးစီး စက်ခေါင်းမောင်း စစ်သည်များ၊ မြန်မာ့မီးရထားမှ တိုင်းအလိုက်တာဝန်ခံများ၊ ဌာနဆိုင်ရာအဖွဲ့ဝင်များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များလိုက်ပါခဲ့ပြီး မောင်းနှင်လျက်ရှိစဉ် သံလမ်းမိုင်တိုင်အမှတ်၊ ၁၁၇ မိုင်၊ ပဲနွယ်ကုန်း နှင့် တောကျွဲအင်းကြား ရထားသံလမ်းပေါ်တွင် ၈ ပေခန့်အရှည်ရှိသည့် သံလမ်းဖြတ်ပိုင်း တစ်ခုအား ကန့်လန့်ဖြတ်တင်ထားပြီး အချိန်မီဘရိတ်မဖမ်းနိုင်ပါက ကန့်လန့်ဖြတ်သံလမ်းအား တက်ကြိတ်နင်းမိကာ ဘီးချော်၍စက်ခေါင်းတိမ်းမှောက်စေရန်လည်းကောင်း၊ သံလမ်းမိုင်တိုင် အမှတ်၊ ၁၀၀ မိုင်၊ ပိန်းဇလုပ်တံတား အဝင်မရောက်မီသံလမ်းပေါ်တွင် အချင်း ၂ ပေ၊ အရှည် ၄ ပေခွဲခန့်ရှိ သစ်လုံးအား ကန့်လန့်ဖြတ်တင်ထားပြီး ဘီးချော်တိမ်းမှောက်စေရန် လည်းကောင်း၊ သံလမ်းမိုင်တိုင်အမှတ်၊ ၉၀ မိုင်(ငါးထပ်ကြီး)တွင် သံလမ်းမျက်နှာပြင်ပေ ၃၀ ခန့်အား အမဲဆီသုတ်လိမ်းထားပြီး သံလမ်းဆက် Bolt & Nut ၃ လုံး ဖြုတ်ထားခြင်းဖြင့် ရထားဘီးလမ်းချော်စေရန်လည်းကောင်း၊ သံလမ်းမိုင်တိုင်အမှတ်၊ ၈၉ မိုင်ငါးထပ်ကြီးနှင့် ပြွန်တန်ဆာကြားသံလမ်းပေါ်တွင် ကွန်ကရစ်ဇလီဖားတုံး ၄ တုံးအား ကန့်လန့်ဖြတ်တင်ထား ပြီး တစ်တုံးအား ရထားလာရာဘက်သို့ ငုတ်ချွန်သဏ္ဍန်ထောင်မတ်ထားကာ အချိန်မီ မဖယ် ရှားနိုင်ပါက စက်ခေါင်းတွဲချော်၍ ရထားတိမ်းမှောက်စေရန်လည်းကောင်း၊ သံလမ်းမိုင်တိုင် အမှတ်၊ ၄၅ မိုင် (ပဲခူးအထွက်)သံလမ်းပေါ်တွင် ကွန်ကရစ်ဇလီဖားတုံး ၃ တုံးအား ကန့်လန့် ဖြတ်တင်ထားခြင်းဖြင့်လည်းကောင်း အကြမ်းဖက်လူအုပ်စုများပြုလုပ်ထားသည့် အတားအဆီး များကို စက်ခေါင်းမောင်းများ၊ ရထားလမ်းလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊  ဘူတာအသီးသီးရှိ မီးရထားဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၏ ပူးပေါင်းဆောင်ရွက်မှု၊ တာဝန်ကို ကျေပွန်အောင်အာရုံစူးစိုက်မှုအပြည့်ဖြင့် ထမ်းဆောင်မှုတို့အပြင် ဒေသခံတာဝန်သိ ပြည်သူတို့၏ သတင်းပေးပို့မှုတို့ကြောင့် အချိန်မီဖယ်ရှားရှင်းလင်းပြီး ဖြတ်သန်းမောင်းနှင် နိုင်ခဲ့သည်။
    
ထို့အပြင် မတ် ၁၃ ရက် နံနက် ၂ နာရီ ၄၅ မိနစ်ခန့်တွင် သံလမ်းမိုင်တိုင်အမှတ်၊ ၁၃ မိုင် လေးထောင့်ကန်နှင့် ရွာသာကြီးကြားရှိ အရှည် ၁၅၀ ပေခန့်ရှိတံတားအဝင်သို့ အရောက်၌ တံတားအားဖြတ်ကျော်စဉ် ဘယ်ဘက်ခြမ်းသံလမ်းမှာကွာပြီး ထောင်မတ်လာသည် ကို စက်ခေါင်းမောင်းမှ တွေ့ရှိသဖြင့် အရေးပေါ်ဘရိတ်၊ စက်ခေါင်းဘရိတ်တို့ဖြင့် အရေးပေါ် ရပ်တန့်ခဲ့ရာ တံတားနှင့် ၅ ပေခန့်အကွာတွင် ရပ်တန့်နိုင်ခဲ့သည်။ အဆိုပါ သံလမ်းအား စစ်ဆေးခဲ့ရာ ဘယ်ဘက်ခြမ်းသံလမ်းနှင့် ဇလီဖားတုံးတို့အား ကုတ်တွယ်ပေးသည့် ကလစ် ၃၉ ခုကို ဖြုတ်ထားကြောင်းနှင့် သံလမ်းဆက်နှစ်ခုရှိသံလမ်းဆက်ပြားနှင့် သြူအ ရ ကြအ အချို့ကို ဖြုတ်ထား ကြောင်းတွေ့ရှိရသည်။ စက်ခေါင်းမောင်းမှ အချိန်မီမတွေ့ရှိဘဲ ရပ်တန့်နိုင်ခြင်းမရှိပါ က သံလမ်း ပြုတ်ထွက်၍ စက်ခေါင်းနှင့်တွဲများ အရှိန်ဖြင့် ချောင်းအတွင်းသို့ထိုးကျတိမ်းမှောက် ခြင်းဖြစ်ပေါ်စေရန် ယုတ်မာရက်စက်သည့် အကြံအစည်ဖြင့် လုပ်ဆောင်ထားခြင်းဖြစ်သည်။
    
အဆိုပါ မီးရထားသံလမ်းနေရာအား လိုအပ်သော ပြင်ဆင်မှုများပြုလုပ်ပြီး ဆက်လက်မောင်းနှင်ခဲ့ရာ မလွှကုန်းဘူတာသို့ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အောင်မြင်စွာ ရောက်ရှိခဲ့သည်။ ပျဉ်းမနား- မလွှကုန်း မီးရထားကုန်ရထားခရီးစဉ်မှာ ပုံမှန်အားဖြင့် မောင်းနှင် ချိန် ၁၃ နာရီခန့်သာ ကြာမြင့်မည်ဖြစ်သော်လည်း ယခုခရီးစဉ်တွင် မသမာသူ လူအုပ်စုများ၏ အဖျက်အမှောင့်ဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် ပြုလုပ်ထားသည့် လူလုပ်အတားအဆီး များကြောင့် ၂၄ နာရီ ၁၀ မိနစ်ကြာမြင့်ခဲ့ပြီး ပုံမှန်ထက် ၁၁ နာရီ ၁၀ မိနစ်ပိုမိုကြာမြင့် ခဲ့ရသည်။ မသမာသူအကြမ်းဖက်လူအုပ်စုများက ခရီးသွားပြည်သူများ၏ အသက်အန္တရာယ် ထိခိုက်စေနိုင်သည်အထိ မီးရထားလမ်းကြောင်းတစ်လျှောက် ယခုကဲ့သို့ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သဖြင့် ပါဝင်ပတ်သက်သူများကို ထိထိရောက်ရောက်အရေးယူဆောင်ရွက်နိုင်ရေး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရထားလမ်းလုံခြုံရေးအတွက်  လှည့်ကင်း၊ ပတ်ကင်းများဖြင့် နေ့ညမပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
    
လက်ရှိအချိန်တွင် မီးရထားလမ်းကြောင်းများအား ယခုကဲ့သို့ မသမာသူအကြမ်းဖက် လူအုပ်စုများက အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ထားနိုင်သည်ကို သိရှိသော်လည်း မိဘပြည်သူများ၏ ခရီးသွားလာမှုများ၊ ကုန်စည်စီးဆင်းမှုများ ပုံမှန်အနေအထားသို့ ပြန်လည် ရောက်ရှိပြီး နှောင့်နှေးကြန့်ကြာမှုမရှိဘဲ မီးရထားခရီးစဉ်များ ပြေးဆွဲနိုင်ရန်အတွက် ယခုကဲ့သို့ ကုန်ရထားဖြင့်စတင်ပြေးဆွဲခဲ့ခြင်းဖြစ်ပြီး စက်ခေါင်းမောင်းများ၊ ရထားလမ်းလုံခြုံရေးဆောင်ရွက် နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊  ဘူတာအသီးသီးရှိ မီးရထား ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင် များ၏ ပူးပေါင်းဆောင်ရွက်မှု၊ တာဝန်ကိုကျေပွန်အောင်အာရုံ စူးစိုက်မှုအပြည့်ဖြင့် ထမ်းဆောင်မှု တို့ကြောင့် အခက်အခဲအတားအဆီးများကြားမှ အန္တရာယ်ကင်းရှင်းအောင်မြင်စွာ ပြေးဆွဲနိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။