မအူပင်မြို့၊ နယ်မြေခံတပ်ရင်းတွင် မွေးမြူထားရှိသော ကြက်မွေးမြူရေးလုပ်ငန်းနှင့် ဝက်မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှု

မအူပင်မြို့၊ နယ်မြေခံတပ်ရင်းတွင် မွေးမြူထားရှိသော ကြက်မွေးမြူရေးလုပ်ငန်းနှင့် ဝက်မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှု

နေပြည်တော်၊ ဩဂုတ် - ၉
    
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေ စဉ်ကာလအတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူပြုစေရန်အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အနောက်တောင်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများက မအူပင်မြို့၊ နယ်မြေခံ တပ်ရင်းတွင် မွေးမြူထားရှိသော ကြက်မွေးမြူရေးလုပ်ငန်းနှင့် ဝက်မွေးမြူရေးလုပ်ငန်း များအား ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။