မိတ္ထီလာမြို့၌ ဗုံးခွဲသူ ဖမ်းဆီးရမိ၊ ဖောက်ခွဲရေးပစ္စည်းများအား ရွှေအုန်းပင်ဆိုင်မှရယူခဲ့ ကြောင်း သိရှိရ

မိတ္ထီလာမြို့၌ ဗုံးခွဲသူ ဖမ်းဆီးရမိ၊ ဖောက်ခွဲရေးပစ္စည်းများအား ရွှေအုန်းပင်ဆိုင်မှရယူခဲ့ ကြောင်း သိရှိရ

နေပြည်တော်၊ ဇူလိုင်- ၂၈

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH၊ NUG နှင့် PDF အဖွဲ့များ သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကိုပျက်ပြားထိခိုက်စေရန် ရည်ရွယ်၍ လူငယ်များ အား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် အကြမ်းဖက်သင်တန်းများ တက်ရောက် စေပြီး အများပြည်သူလူထုသွားလာလှုပ်ရှားလျက်ရှိသည့် နေရာများကို မိုင်းထောင် တိုက်ခိုက်ခြင်း၊ ကလေးသူငယ်များ၏ ပညာရေးကိုထိခိုက်စေရန် စာသင်ကျောင်း များအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်တိုက်ခိုက်ခြင်း၊ ဆရာ/ဆရာများအား နှောက်ယှက် တိုက်ခိုက်ခြင်းများကိုလူသားချင်းစာနာထောက်ထားမှုမရှိဘဲလုပ်ဆောင်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိမှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်း နိုင်ရေးဆောင်ရွက်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သတင်းများကိုအကြမ်းဖက် PDF သင်တန်းဆင်းလာသူအောင်ချစ်ကိုထံသို့ပေးပို့နေသည့် သိန်းသိန်းအိ(ခ)ကုလားမ အား ဇူလိုင်လ ၂၆ ရက် ညပိုင်းတွင် မိတ္ထီလာမြို့၊ နန်းတော်ကုန်းရပ်ကွက်၊ သာယာကုန်း (၂)နယ်မြေရှိ ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။

တရားခံသိန်းသိန်းအိ(ခ)ကုလားမ၏ ထွက်ဆိုချက်အရ TNLA အကြမ်းဖက် သောင်းကျန်းသူနယ်မြေတွင် ဖောက်ခွဲရေးသင်တန်းတက်ရောက်ပြီး မိတ္ထီလာမြိုသို့ ပြန်လည်ရောက်ရှိနေသည့် အောင်ချစ်ကိုအား ဇူလိုင်လ ၂၇ ရက် နံနက်ပိုင်းတွင် ၎င်းတိမ်းရှောင်နေထိုင်သည့် မိတ္ထီလာမြို့၊ ဈေးအရှေ့ပြင်ရပ်ကွက်၊ အင်းဝဘဏ်လမ်းရှိ 7 Star ကုန်မာဆိုင်၌ ဖမ်းဆီးရမိခဲ့ပြီးတရားခံအားလက်ခံထားရှိသည့် 7 Star ကုန်မာဆိုင် ပိုင်ရှင် ပြည်သူနှင့် ဇနီးဖြစ်သူ စိုးနိုဘယ်တို့အားနံနက်ပိုင်းတွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။

တရားခံ ပြည်သူ၏ ထွက်ဆိုချက်အရ အောင်ချစ်ကိုအပ်နှံထားသည့် လက်လုပ် သေနတ် ၂ လက်အား လပ်ကီးစတားကုန်မာဆိုင်ခွဲမှ ဇူလိုင်လ ၂၈ ရက် နေ့လယ်ပိုင်း တွင် ထပ်မံသိမ်းဆည်းရမိခဲ့သည်။
တရားခံ အောင်ချစ်ကို၏ ထွက်ဆိုချက်အရ ဧပြီလ ၂၇ ရက်တွင် သူရိန်စိုးနှင့် အတူ မိတ္ထီလာမြို့၊ သီရိမင်္ဂလာရပ်ကွက်ရှိ ခရိုင်ပညာရေးမှူးရုံးအား လည်းကောင်း၊ ဈေးအရှေ့ပြင်ရပ်ကွက်ရှိ မြို့နယ်လဝကရုံးအားလည်းကောင်း လက်လုပ်ဗုံးဖြင့် ပစ်ခတ် ဖောက်ခွဲဖျက်ဆီးခြင်းများပြုလုပ်ခဲ့ကြောင်း၊ မေလ ၆ ရက်တွင် သူရိန်စိုး၊ ထင်လင်း၊ ဝေမှူး၊ ခိုင်မြဲဇော်၊ တရုတ်လေး၊ကျော်ဇင်ဟန်၊ ပန်ချာ၊ ထက်ဝေယံ တို့နှင့်အတူ မိတ္ထီလာမြို့နယ်၊ ကျွဲတလင်းအုပ်စု၊ မယ်ဇလီပင်ကျေးရွာရှိအမက(၃၀)ကျောင်း၌ ဆရာ/ ဆရာမများမှ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်နေစဉ် အစည်းအဝေးပျက်ပြားစေရန်နှင့် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိစေရန်ရည်ရွယ်၍ ကျောင်းဝင်းအတွင်းသို့ လေးခွများဖြင့် ပစ်ခြင်း၊ ကျောင်းဝင်း အတွင်းဝင်ရောက်၍ ဆရာ/ဆရာမများ၏ ဆိုင်ကယ် ၃ စီးအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ မေလ ၇ ရက်တွင် သီရိမင်္ဂလာရပ်ကွက်ရှိ ခရိုင်ပညာရေးမှူးရုံး အတွင်း ဝင်ရောက်၍ ဆရာ/ဆရာမများ၏ ဆိုင်ကယ် ၆ စီးအား ဓာတ်ဆီလောင်းမီးရှို့ ဖျက်ဆီးခြင်းများတွင် ပါဝင်ခဲ့ကြောင်းသိရှိရသည်။

ဖောက်ခွဲရေးလုပ်ငန်းများလုပ်ဆောင်ရန်အတွက် အသုံးပြုသည့် လက်လုပ် မိုင်းများအား ဇွန်လ ၆ ရက်တွင် ရွှေအုန်းပင်ထမင်းဆိုင်၌ လက်လုပ်မိုင်းများပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ သေဆုံးခဲ့သောတရားခံစိုးရန်နိုင်ထံမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မိတ္ထီလာမြို့ပေါ်တွင် အဖျက်လုပ်ငန်းနှင့် အပြစ်မဲ့ပြည်သူများအားပစ်ခတ် လုပ်ကြံမှုများပြုလုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် တရားခံ အောင်ချစ်ကိုသည် ဆက်စပ် တရားခံ ပိုင်ဇေ(ဖမ်းဆီးရမိ)ထံမှ ချိတ်ဆက်၍ လက်လုပ်သေနတ် ၂ လက်အား ရယူ ခဲ့ကြောင်းသိရှိရသည်။

တရားခံ အောင်ချစ်ကိုသည် ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ဆောင်ရွက်မှု များကြောင့် မေလ ၁၈ ရက်တွင် ပုဒ်မ-၅၀၅(က) ဖြင့် အမှုဖွင့်လှစ်ခံထားရပြီး ဆက်စပ် တရားခံ ဇင်မင်းဖြိုး(ဖမ်းဆီးရန်ကျန်)၏ စေခိုင်းချက်အရ TNLA အကြမ်းဖက် သောင်းကျန်းသူများ လှုပ်ရှားလျက်ရှိသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ မြို့နယ်၊ ခွန်ကော်အုပ်စု၊ အုန်အီးကျေးရွာတွင် မေလ ၅ ရက်မှ ၂၅ ရက်ထိ ဖွင့်လှစ်သော ဖောက်ခွဲဖျက်ဆီးရေးသင်တန်းအား တက်ရောက်ခဲ့ပြီး သင်တန်းမှပြန်လည် ရောက်ရှိချိန် တွင်အခြားသူများအားလည်းဖောက်ခွဲရေးသင်တန်းတက်ရောက်ရန် စည်းရုံးချိတ်ဆက် မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

တရားခံ ပြည်သူနှင့် ဇနီးဖြစ်သူ စိုးနိုဘယ်တို့သည် တရားဥပဒေနှင့် မညီသည့် ပြစ်မှုများကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် လက်နက်များလက်ဝယ်ထားရှိသူ၊ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ကိုင်သူ တရားခံ အောင်ချစ်ကိုအား အားပေးအားမြောက် ပြုခြင်း၊ ဥပဒေမှလွတ်မြောက်စေရေး အကာအကွယ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
တရားခံ သိန်းသိန်းအိ(ခ)ကုလားမသည် အဖျက်အမှောက်လုပ်ငန်းများအား ကြိုတင် တားဆီးနိုင်ရေး လုံခြုံရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများအား မျက်ခြေ မပြတ် စောင့်ကြည့်ကာအကြမ်းဖက်သမားများမှ အလစ်အငိုက် တိုက်ခိုက်မှု ပြုလုပ် နိုင်ရေး တရားခံ အောင်ချစ်ကို ထံ သတင်းများပေးပို့လျက်ရှိကြောင်း သိရှိရသည်။

သို့ဖြစ်ပါ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားအောင် အဖျက်အမှောင့်လုပ်ငန်းများလုပ်ဆောင်ခဲ့သည့် တရားခံ ၄ ဦးအား ကြိုတင်ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့အား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေး အတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံးပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက် နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။