မိဘပြည်သူများအနေဖြင့် စိတ်အေးချမ်း သာယာစွာ နေထိုင်အိပ်စက်နိုင်စေရေး၊ ရပ်ရွာ အေးချမ်းသာယာမှုရှိစေရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့ညမပြတ် လုံခြုံရေး ဆောင်ရွက်

နေပြည်တော်၊  ဖေဖော်ဝါရီ - ၁၇

   လက်ရှိအချိန်တွင် နိုင်ငံအတွင်းရှိ အချို့မြို့ကြီးများ၌ ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး နှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်ပျက်ပြားစေသည့်အပြင် ရုန်းရင်းဆန်ခတ်မှု အချို့ ဖြစ်ပွားလျက်ရှိပြီး ကောလာဟလများကြောင့် ညပိုင်းများတွင် မိဘပြည်သူများ ထိတ်လန့် စိုးရွံ့စွာဖြင့် နေထိုင်ရလျက်ရှိကြောင်း သိရှိရသည့်အတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းမှ စတင်၍ လုံခြုံရေးအား ပြည့်ဝစွာ ဆောင်ရွက်ပေးလျက်ရှိသည်။

    ထိတ်လန့်စိုးရွံ့စွာ နေထိုင်နေရသော မိဘပြည်သူများ အနေဖြင့် စိတ်အေးချမ်း သာယာစွာ နေထိုင်အိပ်စက်နိုင်စေရေး၊ ရပ်ရွာအေးချမ်းသာယာမှု ရှိစေရေးတို့အတွက် ယနေ့တွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ လိုအပ်သည့်လုံခြုံရေး လုပ်ငန်းများကို ပြည့်ဝစွာ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက နေ့ညမပြတ် လုံခြုံရေး တာဝန်များကို ထမ်းဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။