မိုးညှင်းမြို့နယ်၌ ရဲတပ်ဖွဲ့ဝင်(၁)ဦး၏ ဆိုင်ကယ်အား ဆူပူဆန္ဒပြသူလူစုမှ မီးရှို့ဖျက်ဆီး

မိုးညှင်းမြို့နယ်၌ ရဲတပ်ဖွဲ့ဝင်(၁)ဦး၏ ဆိုင်ကယ်အား ဆူပူဆန္ဒပြသူလူစုမှ မီးရှို့ဖျက်ဆီး

နေပြည်တော်၊ မတ်လ ၁၀ ရက်

၂၀၂၁ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် မိုးညှင်းမြို့၊ အရှေ့စု ရပ်ကွက်၊ မဟာဗန္ဓုလလမ်းထောင့်၌ ခေါင်းဆောင်(စိစစ်ဆဲ) ဆူပူဆန္ဒပြသူလူအုပ်စု အင်အား (၁၅၀)ဦးခန့်သည် မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲဒုတပ်ကြပ် လင်းထွန်း(အရပ်ဝတ်ဖြင့်)ဖြင့် ဆိုင်ကယ် စီးနင်းလာစဉ် ဆူပူဆန္ဒပြသူလူအုပ်စုမှ တွေ့ရှိပြီး ၎င်းလူအုပ်စုထဲမှ အကြမ်းဖက်လိုသူ အချို့က ဆိုင်ကယ်(၁၀)စီးခန့်ဖြင့် လိုက်လံဝိုင်းဝန်းဖမ်းဆီးခဲ့သဖြင့် ရဲဒုတပ်ကြပ် လင်းထွန်း မှာ ဆိုင်ကယ်ထား၍ ထွက်ပြေးလွတ်မြောက်ခဲ့ပါသည်။

ဆူပူဆန္ဒပြသူ လူအုပ်စုက ရဲဒုတပ်ကြပ် လင်းထွန်း ၏ကျန်ရှိခဲ့သည့်ဆိုင်ကယ်အား မီးရှို့ဖျက်ဆီးကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သဖြင့် ရပ်ကွက်အတွင်းနေ ပြည်သူများက ဝိုင်းဝန်းမီးငြိမ်းသတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မင်းမဲ့စရိုက်ဆန်စွာ ဆူပူအကြမ်းဖက်ဆောင်ရွက်ခဲ့ကြ သည့် ပြစ်မှုကျူးလွန်သူများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး အမှုဖွင့်စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။