မိုးနဲမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

နယ်စပ်ရေးရာဝန်ကြီးဌာန  နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လင်းခေးခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး နယ်မြေအတွင်း  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၅၈ ဒသမ ၃၄၂ သန်းဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)  လင်းခေးခရိုင်  မိုးနဲမြို့နယ်အတွင်း ဆောင်ရွက်ခဲ့သည့် မိုးနဲ-ကင်တုံ- ဆိုက်ဖယ်-လုံစံစေတီလမ်း(၆^ဝ)မိုင်အနက် ဆိုက်ဖယ်ရွာသစ်မှ လုံစံစေတီအထိ ကျန်ရှိသည့် (၂/ဝ)မိုင် ကျောက်ခင်းခြင်းနှင့် အဆိုပါလမ်းပေါ်တွင် ၅ ပေ Box Culvert နှစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းများ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း လင်းခေးခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထွဋ်ဦး ထံမှသိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးမှုကြောင့် ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေး ပိုမိုတိုးတက် ကောင်းမွန်လာခဲ့ပြီး ဒေသခံကျေးရွာငါးရွာ၊ အိမ်ခြေ ၃၂၉ အိမ်နှင့် လူဦးရေ ၁၃၁၆ ဦးတို့သည် ဒေသဖွံ့ဖြိုးတိုးတက်ရေး၏ အသီးအပွင့်များကို ရရှိခံစားနိုင်ကြပြီ ဖြစ်ကြောင်း သိရသည်။