မိုးမောက်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ များအား ပညာသင်ကြားနေချိန် အကြမ်းဖက်သူများက လက်လုပ်မိုင်းဖြင့်ဖောက်ခွဲ

နေပြည်တော်၊ ဇွန် - ၂၂

ကချင်ပြည်နယ်၊ မိုးမောက်မြို့၊ ခါနန်ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်း ကျောင်း၌ ယနေ့နံနက်ပိုင်းတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိစဉ် တည်ငြိမ်အေးချမ်းမှုကို မလိုသည့် အကြမ်းဖက်သူများက နံနက် ၉ နာရီခွဲခန့်တွင် အဆိုပါကျောင်းရှိ နှစ်ထပ်ကျောင်းဆောင်၏ အရှေ့ လှေကား အောက်၌ ဒေသန္တရ လက်လုပ်မိုင်း ၂ လုံးဖြင့် ဆင်ခြေတုံတရားမဲ့စွာ ဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။ အဆိုပါ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးမှုကြောင့် အဆိုပါကျောင်းမှ သန့်ရှင်းရေးဝန်ထမ်း ၁ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ကာ အဆိုပါကျောင်းဆောင်ရှိ အရှေ့လှေကား ကျိုးပဲ့ပျက်ဆီးခဲ့ပြီး အနီးရှိ ပရိဘောဂပစ္စည်းများ ထိခိုက်ပျက်ဆီးခဲ့ကာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိပြီး ဒဏ်ရာရရှိသူအား ဗန်းမော်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိ သည်။ အထက်ပါဖြစ်စဉ်၌ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခဲ့သူများအား ဉပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အပူတပြင်းလိုက်လံစုံစမ်းရှာဖွေလျက် ရှိကြောင်း သတင်းရရှိသည်။