မူဆယ်မြို့နယ်အတွင်း လက်ပစ်ဗုံးသယ်ဆောင်လာသူတစ်ဦးအား ဖမ်းဆီးရမိ

မူဆယ်မြို့နယ်အတွင်း လက်ပစ်ဗုံးသယ်ဆောင်လာသူတစ်ဦးအား ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် - ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်း လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် နေသည့် ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ ခရိုင်ပြည်သူ့ဆေးရုံသစ်အနီး မြို့ရှောင်လမ်းဘေး၌ လုံခြုံရေးလုပ်ငန်းများဆောင်ရွက်စဉ် ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် မြို့ရှောင်လမ်းအတိုင်း OHC တိုးဂိတ်ဘက်သို့ လမ်းလျှောက်လာသူအား မသင်္ကာ၍စစ်ဆေးခဲ့ရာ ကျုံစင်ဟိုက်(ဘ)ဦးတုန်ယုလင် မူဆယ်မြို့နေသူဖြစ်ပြီး ၎င်း၏ အနွေးထည်အင်္ကျီအတွင်းမှ ကြိုးဆွဲလက်ပစ်ဗုံး ၁ လုံး၊ ဓား ၁ ချောင်း၊ ဆိုင်ကယ်သော့ဖွင့်ရာတွင် အသုံးပြုသောသုံးမြှောက်ခွ သော့အတု ၁ ချောင်းတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူနှင့် သိမ်းဆည်းရမိပစ္စည်းများအား မူဆယ်မြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။