မောင်တောမြို့နယ် မြန်မာ့ပင်လယ်ပြင်အတွင်း တရားမဝင်သစ်များ တင်ဆောင်လာသည့်လှေတစ်စင်း ဖမ်းဆီးရမိ

နေပြည်တော်  မတ်  ၂၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အနီးမြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ ဝင်များသည် မတ် ၂၃ ရက် ည ၆ နာရီခွဲခန့်တွင် မှိုဝင်ရွာ၏ တောင်ဘက် ရေမိုင် သုည ဒသမ ၆ မိုင် ခန့်အကွာ၌ မသင်္ကာဖွယ်လှေတစ်စင်းတွေ့ရှိသဖြင့် စစ်ဆေးရန်ခေါ်ယူစဉ် မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ မှိုဝင်ရွာ၏ အနောက်မြောက်ဘက် ရေမိုင် ၁ မိုင်ခန့်အကွာသို့ အရောက် အလျား ၅၂ ပေ၊ အနံ ၁၂ ပေ၊ ရေစူး ၄ ပေခန့် ထွန်းရတနာဟိန်းအမည်ရှိ တရားမဝင်သစ်မှောင်ခိုလှေပေါ်မှ သင်္ကြန်အောင် (ဘ) ဦးဂြိတ်စီးအောင်အပါအဝင် လှေသားခုနစ်ဦးတို့ကို အခြားသစ်ဆိုဒ်စုံ ၁၂ တန်ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများ၊ လှေနှင့်သစ်များအား သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းအပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိသည်။                            

(၁၀၀)