မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

နေပြည်တော်၊ ဇူလိုင် - ၁၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူ လျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသာစုများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား ဇူလိုင် ၁၆ ရက်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး တစ်ဦးချင်း၏ ရောဂါ ဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ် ကြသည်။

ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု ကာ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးပြီး အလှူငွေများပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။