မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားတက္ကသိုလ်၊ ခိုလမ်မြို့ရှိ အခြေခံပညာအထက်တန်း ကျောင်းနှင့် ဝမ်ဖွီးအခြေခံပညာမူလတန်းကျောင်းတို့၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားတက္ကသိုလ်၊ ခိုလမ်မြို့ရှိ အခြေခံပညာအထက်တန်း ကျောင်းနှင့် ဝမ်ဖွီးအခြေခံပညာမူလတန်းကျောင်းတို့၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

နေပြည်တော်၊ ဒီဇင်ဘာ - ၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားတက္ကသိုလ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းနှင့် ဝမ်ဖွီးအခြေခံပညာ မူလတန်းကျောင်းတို့၏ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော်သားများ၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူဟောင်းများက ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန် ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းတို့ကို စုပေါင်းဆောင်ရွက် ပေးကြသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာပြည်နယ်များမှ ဝန်ကြီးချုပ်၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ ဒုတိယတိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိ သည်။