မြစ်ကြီးနားမြို့ရှိ ဧရာဝတီမြစ်အတွင်း၌ ရေပြင်အသက်ကယ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်သရုပ်ပြခြင်း ပြုလုပ်

မြစ်ကြီးနားမြို့ရှိ ဧရာဝတီမြစ်အတွင်း၌ ရေပြင်အသက်ကယ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်သရုပ်ပြခြင်း ပြုလုပ်

နေပြည်တော်၊ ဩဂုတ် - ၁၈

သဘာဝဘေးအန္တရာယ်များမှ ရေပြင်အသက်ကယ် ရှာဖွေကယ်ဆယ်ရေး ဇာတ် တိုက်သရုပ်ပြမှုကို ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဧရာဝတီမြစ်အတွင်း၌ ပြုလုပ်ရာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဉီးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဉီး၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ အဖွဲ့များ၊ စေတနာ့ဝန်ထမ်းပရဟိတအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဉီးစွာ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းပရဟိတအဖွဲ့ဝင်များ က အသင့်ပြင်ဆင်စုဖွဲ့ထားသော ရေပြင်ကယ်ဆယ်ရေး လုပ်ငန်းသုံးရေယာဉ်ဖြင့် သရုပ်ပြစုဖွဲ့မောင်းနှင်ခြင်း၊ ရေပြင်တွင်မျောပါလာသူများကို ကယ်ဆယ်ရေတပ်ဖွဲ့က အသက်ကယ်ဘောနှင့် အသက်ကယ်ကြိုးအသုံးပြု၍ ကယ်ဆယ်ခြင်းနှင့် ရှေ့ဉီး သူနာပြုနည်းဖြင့် အသက်ကယ်ခြင်း စသည့် လက်တွေ့သရုပ်ပြ လေ့ကျင့်မှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် စုဖွဲ့ထားရှိမှုအခြေအနေများကို လိုက်လိုက်ကြည့်ရှု၍ ပါဝင်သရုပ်ပြခဲ့သည့် အဖွဲ့ဝင်များအား အလှူငွေများ ပေးအပ်ခဲ့ကြကြောင်း သတင်းရ ရှိသည်။