မြစ်ကြီးနားမြို့၊ အောင်စိုးမိုး(၁)ရွှေပြည်သာစစ်မှုထမ်းဟောင်းအိမ်ရာရှိ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံ၊ စားသောက်ဖွယ်ရာများ ပေးအပ်

မြစ်ကြီးနားမြို့၊ အောင်စိုးမိုး(၁)ရွှေပြည်သာစစ်မှုထမ်းဟောင်းအိမ်ရာရှိ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံ၊ စားသောက်ဖွယ်ရာများ ပေးအပ်

 
နေပြည်တော်၊ ဇူလိုင် - ၂၂

 
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်စိုးမိုး(၁)ရွှေပြည်သာစစ်မှုဟောင်းအိမ်ရာ ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့်အဖွဲ့ဝင်များက အဆိုပါစစ်မှုထမ်း ဟောင်းအိမ်ရာ၌ သွားရောက်တွေ့ဆုံသည်။

 
ဦးစွာ တိုင်းမှူးက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား အမှာ စကားပြောကြားသည်။ ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်နှင့် မိသားစုဝင်များ ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။