မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး(၂) H.E. Dato Erywan Pehin Yusof ကို ခန့်အပ်ခြင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး(၂) H.E. Dato Erywan Pehin Yusof ကို ခန့်အပ်ခြင်း

 

၁။      အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ (၅၄)ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ၂-၈-၂၀၂၁ ရက်က ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ၂၄-၄-၂၀၂၁ ရက်က ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံ ခေါင်းဆောင်ကြီးများ အစည်းအဝေး၏ တူညီဆန္ဒ(၅)ရပ်တွင် ဖော်ပြပါရှိသည့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်တစ်ဦးခန့်အပ်ရေးကိစ္စအား ဆွေးနွေးခဲ့ပါသည်။

၂။       အစည်းအဝေးတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်သူ ဘရူနိုင်းနိုင်ငံက မူလအဆိုပြုထားသူ အထူးကိုယ်စားလှယ်များ၏ အမည်စာရင်းကို ပြန်လည်ရုတ်သိမ်းလျက်၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ ဘရူနိုင်းနိုင်ငံ၊ ဘုရင်မင်းမြတ်၏ လမ်းညွှန်မှုဖြင့် ဘရူနိုင်း၊ နိုင်ငံခြားရေးဝန်ကြီး(၂) ဖြစ်သူ H.E. Dato Erywan Pehin Yusof အား အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အဖြစ် ပြင်ဆင်အဆိုပြုခဲ့ပါသည်။

၃။      မြန်မာနိုင်ငံအနေဖြင့်လည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသော ဘရူနိုင်း နိုင်ငံက အဆိုပြုသည့် ဘရူနိုင်း၊ နိုင်ငံခြားရေးဝန်ကြီး(၂)ဖြစ်သူ H.E. Dato Erywan Pehin Yusof အား မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် သဘောတူလက်ခံကြောင်းကို ယနေ့ ၄-၈-၂၀၂၁ ရက်၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးတွင် ဆွေးနွေးအတည်ပြုခဲ့ပါသည်။