မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတင်းထုတ်ပြန်ချက်

             

ရန်ကုန်မြို့၊ ဝါးတန်းလမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ အသေးစားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် Small and Medium Enterprise Development Bank (SMEDB) တွင် Open Society Myanmar အမည်ဖြင့် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားရှိပါသည်။ အဆိုပါ ငွေစာရင်းသို့ ပြည်ပမှလွှဲပို့လာသည့် အမေရိကန်ဒေါ်လာ (၅)သန်းအနက် (၁.၄)သန်းကို မြန်မာကျပ်ငွေ (၁,၉၉၉,၉၀၀,၀၀၀) ကျပ်အဖြစ် လဲလှယ်၍ ၈-၂-၂၀၂၁ ရက်နေ့တွင် Open Society Myanmar မှ ဘဏ္ဍာရေးမန်နေဂျာ ဒေါ်ဖြူပပသော် က ထုတ်ယူခဲ့ပါသည်။ ထိုသို့ နိုင်ငံခြားငွေ ဝင်ရောက်လာမှုနှင့် ငွေထုတ်ယူမှုများနှင့်ပတ်သက်၍ အသေးစားနှင့်အလတ်စား စက်မှုလက်မှု လုပ်ငန်းဖွံ့ဖြိုးရေးဘဏ်က ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် သက်ဆိုင်ရာဌာနများသို့ သတင်းပေးပို့ ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် တာဝန် ရှိသူများအပေါ် ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။