မြန်မာ့ရိုးရာမဟာသင်္ကြန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသားစုရေကစား မဏ္ဍပ် ပိတ်ပွဲအခမ်းအနားကျင်းပ၊ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်အောင်မြင်စွာကျင်းပနိုင်ခဲ့

မြန်မာ့ရိုးရာမဟာသင်္ကြန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသားစုရေကစား မဏ္ဍပ် ပိတ်ပွဲအခမ်းအနားကျင်းပ၊ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်အောင်မြင်စွာကျင်းပနိုင်ခဲ့

နေပြည်တော်၊ ဧပြီ - ၁၆

        မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစု ရေကစားမဏ္ဍပ်ပိတ်ပွဲ အခမ်း အနားကို ယနေ့သင်္ကြန်အတက်နေ့နေ့လယ်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတက်ရောက်သည်။

        အဆိုပါ ပိတ်ပွဲအခမ်းအနားသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ၏ ဇနီးဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်၊ရေ၊လေ) ဗိုလ်ချူပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ယိမ်းအဖွဲ့များတက်ရောက်ကြပြီး ရေကစားမဏ္ဍပ်တွင် အနုပညာ ရှင်များ၊ တေးသံရှင်များနှင့် ယိမ်းအကအဖွဲ့များ၏ တေးသီချင်းများဖြင့် ကပြသီဆို ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြပြီး အနုပညာရှင်များနှင့် ယိမ်းအက အဖွဲ့ များ အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

        ထို့နောက်ပိတ်ပွဲအခမ်းအနားကျင်းပရာအနုပညာရှင်များ၊ တေးသံရှင်များနှင့် ယိမ်းအဖွဲ့များက မန်းတောင်ရိပ်ခို သီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  သည် ပိတ်ပွဲအခမ်းအနားကို တက်ရောက်လာကြသူများနှင့်အတူ ယိမ်းအဖွဲ့များအား အတာရေများဖြင့် အေးချမ်းပျော်ရွှင်စွာ ပက်ဖျန်းပေးကြပြီး မြန်မာ့ရိုးရာမဟာ သင်္ကြန် ပွဲတော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစု ရေကစားမဏ္ဍပ်အား အောင်မြင်စွာ ပိတ်သိမ်းခဲ့သည်။

        အလားတူ ယနေ့ညနေပိုင်းတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  သည် အဖွဲ့ဝင်များနှင့်အတူ  စိန်ပန်းမဏ္ဍပ်၊ မန်ကျည်းရိပ်မဏ္ဍပ်နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန မိသားစုမဟာ သင်္ကြန်မဏ္ဍပ်များ သို့သွားရောက်၍ နိုင်ငံကျော်အနု ပညာရှင်များနှင့် တေးသံရှင်များ၊ မိသားစုသင်္ကြန်ယိမ်းအကအဖွဲ့များက တေးသီချင်းများ၊ ယိမ်းအကများဖြင့် သီဆို ကပြဖျော်ဖြေနေမှု၊ မိသားစုများပျော်ရွှင်စွာ ရေသဘင်ပွဲ ဆင်နွှဲနေမှု များကိုသွား ရောက်ကြည့်ရှုအားပေးပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ နှင့်အတူ ရေ သဘင်ပွဲအား ပျော်ရွှင်စွာ အတူဆင်နွှဲသည်။

ယနေ့သည် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အတက်နေ့ဖြစ်သည်နှင့်အညီ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရေကစားမဏ္ဍပ်များ၊     ပျဉ်းမနား-တောင်ညို လမ်းပေါ်ရှိ နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာ လမ်းဆုံအထိ ဇုန်(၄) ဇုန် သက်မှတ်ကာ ခေတ်နှင့်အညီထည့်သွင်းကျင်းပလျက်ရှိသော နေပြည်တော် လမ်းလျှောက်သင်္ကြန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ ဇေယျာသီရိ မဏ္ဍပ်၊ စိန်ပန်းရေကစားမဏ္ဍပ်၊ မန်ကျည်းရိပ်ရေကစားမဏ္ဍပ်အပါအဝင် အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေကစားမဏ္ဍပ်များတွင်လည်း ရေပက်ခံသူများ၊ ရေပက်ကစားသူများဖြင့် ပျော်ရွှင်စည်ကားစွာ ရေသဘင်ပွဲတော်ကို အောင်မြင်စွာ ဆင်နွှဲကြပြီး မိသားစုသင်္ကြန် ယိမ်းအကအဖွဲ့များ၊ အနုပညာရှင်များနှင့် တေးသံရှင် များက တေးသီချင်းများ၊ ယိမ်းအကများဖြင့် သီဆိုကပြဖျော်ဖြေမှုများနှင့် အတူ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ သင်္ကြန်ချစ်သူ ပြည်သူများက အတာရေ သဘင်ပွဲတော်အား အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။