မြန်မာ့ရိုးရာသိုင်းအခြေခံသင်တန်း(၁/၂၀၂၁) သင်တန်းဆင်းပွဲကျင်းပ

လွိုင်ကော်၊ လူမှုရေး

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)မှ ဖွင့်လှစ်သည့် မြန်မာ့ရိုးရာအခြေခံသိုင်း သင်တန်း(၁/၂၀၂၁) ဆင်းပွဲကို  ဇွန် ၁၆ ရက်  နံနက်  ၈ နာရီခွဲတွင် အဆိုပါ သင်တန်းကျောင်း အားကစားခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိန်ဦးက သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မြန်မာ့ရိုးရာ အားကစားနည်းဖြစ်သော မြန်မာ့သိုင်းပညာရပ်အား အခြေခံမှစ၍သင်ကြားတတ်မြောက်စေရန်၊ မြန်မာ့သိုင်းပညာရပ်ကို ကျောင်း သား၊ ကျောင်းသူများ သင်ကြားတတ်မြောက်ခြင်းဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံတိုးတက်ကောင်းမွန်လာစေရေး အထောက်အကူပြုစေရန်၊ ကိုယ်လုံပညာရပ်ကို တတ်မြောက်ခြင်းဖြင့် မိမိကိုယ်ကို ခုခံကာကွယ်နိုင်စေရန်နှင့် မြန်မာ့သိုင်း အားကစားနည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့်  သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများက မြန်မာ့ရိုးရာသိုင်းအခြေခံသင်တန်းမှ သင်ကြားပြသထားသော နည်းစနစ်များအား သရုပ်ပြသပြီး ထူးချွန်သင်တန်းသား၊ သင်တန်းသူများအား သင်တန်းနည်းပြဆရာနှစ်ဦးက ခါးစည်းများပေးအပ်သည်။ ထို့နောက် ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစောဟူးဟူးနှင့်တာဝန်ရှိသူတို့က သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ၊ သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုလက်ဆောင်များနှင့် ထူးချွန်သင်တန်းသား၊ သင်တန်းသူ နှစ်ဦးအား ဂုဏ်ပြုဆုငွေများနှင့် ဆုများအသီးသီးပေးအပ်ကြောင်း သိရသည်။         

စိုးလှိုင်ဌေး