မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား လက်ဝယ်ထားရှိသူများနှင့်အတူ ဆက်လက်ဖော်ထုတ်ဖမ်းဆီး

နေပြည်တော်၊ ဧပြီ ၂၃

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ပြုလုပ်သူ၊ လက်ဝယ်ထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီး လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဧပြီ ၂၂ ရက် နံနက် ၁၀ နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ပုဏ္ဏားစုရပ်ကွက် ရေမြောင်းအတွင်း၌ လက်ပစ်ဗုံးနှင့် လက်လုပ် သေနတ်များ တွေ့ရှိကြောင်း  သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ရေမြောင်းအတွင်း၌ ဆာလာအိတ် ၁ လုံးအား တွေ့ရှိရသဖြင့် ဖွင့်ဖောက်စစ်ဆေးခဲ့ရာ အဆိုပါအိတ်အတွင်းမှ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်သေနတ် ၁၀ လက်၊ လက်လုပ်မိုင်း ၁ လုံး၊ ဖိုက်ဘာဦးထုပ် ၁ လုံး၊ လည်စီး ၃ ထည်၊ အပစ်လက်ကိုင် ၃ ခုနှင့် ဂတ်စ်ဗူး ၃ ဗူးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လှည့်ကင်း ဆောင်ရွက်နေစဉ် နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန် ထန်းပင်ကုန်းကျေးရွာအဝင် ထီးလင်း-ဂန့်ဂေါ ကားလမ်းမကြီးဘေးရှိ ချုံပုတ်အတွင်းမှ လက်လုပ်တူမီးသေနတ် ၁ လက်အား သိမ်းဆည်းရမိခဲ့ ကြောင်းသိရသည်။

အလားတူ နံနက် ၁၁ နာရီ ၅ မိနစ်အချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ တုတ္တလုပ်ကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာရှိ သစ်ပင်အောက်တွင် လက်လုပ်သေနတ်များ တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ လက်လုပ်သေနတ် ၅ လက်အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

အလားတူ နေ့လယ် ၁၁ နာရီ ၅၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ အံ့ကြီးအနောက်ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ မအေးအောင်(၃၈)နှစ် (ဘ)ဦးတင်အေး၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းအား နေအိမ်အတွင်းမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြု သည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 

အလားတူ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၁၂၆ လမ်းနှင့် ၆၀ (A) လမ်းထောင့်ရှိ "ကံကြီးမောင်" လက်ဖက်ရည်ဆိုင်သို့ သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ အဆိုပါဆိုင်အတွင်း ကံကြီးမောင်အား မတွေ့ရှိရဘဲ ဝိုင်းမော်မြို့နယ်နေ မျိုးဝင်း(ခ)ရှမ်ဆွတ်ဒင်(၂၉)နှစ် (ဘ) ဦးခင်မောင်ရွှေပါ အမျိုးသား ၃ ဦးအား တွေ့ရှိရပြီး ၎င်းဆိုင်အတွင်းမှ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်မိုင်း ၃ လုံး၊ မှန်ပြောင်း ၁ ခု၊ ဓာတ်ငွေ့ကာ မျက်မှန် ၂ ခုနှင့် ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့်ဆက်စပ် ပစ္စည်းများအား‌ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
 
အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ချင်းပြည်နယ်၊ မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်ရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ယာဉ်စစ်ပိတ်ဆို့ဆောင်ရွက်နေစဉ် ညနေ ၃ နာရီခွဲအချိန် ထုံကိန်း ကျေးရွာနေ ကီးဂေ (၃၇)နှစ် (ဘ)ဦးရှန်းလောကီ မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးခဲ့ရာ ၎င်းလွယ်ထားသော ကျောပိုးအိတ်အတွင်းမှ ကော်ဗူးအတွင်းထည့်၍ သယ်ဆောင် လာသော ယမ်းမှုန့် ၃.၁ ကီလိုဂရမ်အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အလားတူ ညနေ ၃ နာရီ ၅၀ မိနစ်အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်အတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် အောင်မင်္ဂလာရပ်ကွက်၊ ချောင်းပတ်လမ်းအနီးချောင်းစပ်၌ စတီးဒိုင်း ၂၁ ခု၊ ပေပါအဖုံး ၆ ခု၊ ဖိုက်ဘာ ဦးထုပ် ၃ လုံး၊ ဓာတ်ငွေ့ကာ ၃ ခုတို့အား တွေ့ရှိရသဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။

အလားတူ ညနေ ၅ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မင်းကံကြီး ကျေးရွာနေ ညွန့်နိုင် ၏နေအိမ်သို့ သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းအား မတွေ့ရှိဘဲ နေအိမ်အတွင်းမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် လက်လုပ်ဂက်စ်သေနတ် ၁ လက်၊ ဂက်စ်ဗူး ၂ ဗူး၊ ဆူပူအကြမ်ဖက်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အလားတူ ည ၆ နာရီ ၂၀ မိနစ်အချိန်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာမြို့သစ် (၁)ရပ်ကွက်၊ နယ်မြေ(၅)၊ (၅)လမ်းရှိ ဇော်ဇော်ထွန်း(ခ)ဇော်ဇော်(၂၇)နှစ်၏ နေအိမ်သို့ သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ ဇော်ဇော်ထွန်း(ခ)ဇော်ဇော်အား လက်လုပ်သေနတ် ၂ လက်၊ စတီးလေအိုး ၂ ခု၊ စတီးပိုက် ၆ ချောင်း၊ ခဲကျည် ၁၀၀ တောင့်၊ ဂျင်ကလိ ၁၄ ချောင်း၊ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။

အလားတူ ည ၁၀ နာရီအချိန်တွင် ပြည်မြို့၊ ရတနာထီးဖြူရပ်ကွက်ရှိ စတီးသံပန်း လုပ်ငန်းလုပ်ကိုင်သည့် အောင်ဇော်ဝင်း (၅၁)နှစ် (ဘ)ဦးအုန်းမောင်၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ အဆိုပါနေအိမ်အတွင်းမှ အောင်ဇော်ဝင်းပါ အမျိုးသား ၃ ဦးအား လက်လုပ် သေနတ် ၁ လက်၊ စတီးပိုက် ၉ ချောင်း၊ ဂျင်ကလိ ၄၁ ချောင်း၊ လေးခွ ၃ လက်၊ မီးစာတပ်ဆင် ထားသည့် မီးပုလင်း ၁၁ လုံးနှင့် ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

အလားတူ ယနေ့နံနက် ၁၀ နာရီအချိန်တွင် ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ရတနာထီးဖြူရပ်နေ သူရအောင်(၃၉)နှစ် (ဘ) ဦးသိန်းအောင်၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ အဆိုပါနေအိမ်အတွင်းမှ သူရအောင်ပါ အမျိုးသား ၃ ဦးအား လက်လုပ် သေနတ် ၁ လက်၊ ဂျင်ကလိ ၄၁ ချောင်း၊ မီးစာတပ်ဆင်ထားသည့် ဓာတ်ဆီပုလင်း ၁၁ လုံး၊ လေးခွ ၃ လက်၊ ကုန်းသီး ၂၀ လုံး၊ သံပိုက် ၃ ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များအား လက်ဝယ်ထားရှိသူများနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။