မြို့နယ်အချို့၌ ရဲစခန်းများအား ဆူပူအကြမ်းဖက်သူ လူအုပ်စုများမှ လက်လုပ်မိုင်း၊ ဓာတ်ဆီပုလင်းများဖြင့် အကြောင်းမဲ့ ရန်ပြုပစ်ခတ်

မြို့နယ်အချို့၌ ရဲစခန်းများအား ဆူပူအကြမ်းဖက်သူ လူအုပ်စုများမှ လက်လုပ်မိုင်း၊ ဓာတ်ဆီပုလင်းများဖြင့် အကြောင်းမဲ့ ရန်ပြုပစ်ခတ်

နေပြည်တော်၊ မတ် ၂၆
    
၂၀၂၁ ခုနှစ်၊ မတ်လ ၂၆ ရက် ညနေ ၃ နာရီ ၁၅ မိနစ်အချိန်တွင် လှိုင်မြို့နယ်၊ အမှတ်(၁၃) ရပ်ကွက်၊ အင်းစိန်လမ်းရှိ ရဲစခန်းအား ယာဉ်အမှတ်/ အမျိုးအစား(စိစစ်ဆဲ) အနက်ရောင်ယာဉ်တစ် စီးမှ လက်ပစ်ဗုံးဟုယူဆသည့်အရာဖြင့် အကြောင်းမဲ့ပစ်ပေါက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ပါသည်။
    
ထိုသို့ပစ်ခတ်မှုကြောင့် ရဲစခန်းရှေ့ အင်းစိန်လမ်းမကြီးပေါ်တွင်ရပ်တန့်ထားသော လုံခြုံရေး တပ်ဖွဲ့သုံးမော်တော်ယာဉ်တစ်စီးတွင် အနည်းငယ်ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရပါသည်။
    
အလားတူ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန်တွင် မြိတ်မြို့ရဲစခန်းဝင်းအတွင်းရှိ မိသားစုနေအိမ် လိုင်းခန်းအား အမျိုးသား ၂ ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဓာတ်ဆီပုလင်း အားမီးရှို့ကာ အကြောင်းမဲ့ရန်ပြုပစ်ခတ်ခဲ့သဖြင့် ရဲစခန်းဝင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကာ မြက်ခြောက်များ မီးလောင်ကျွမ်းခဲ့ပြီး နေ့လည် ၁ နာရီတွင် မီးငြိမ်းသွားခဲ့ကာ လူနှင့် အဆောက်အဦ များထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရှိရပါသည်။
    
အလားတူ နေ့လည် ၁ နာရီ ၁၅ မိနစ်အချိန်တွင် အောင်မြေသာစံမြို့နယ်၊ ဥပုပ်တော်ရပ်ကွက်၊ (၇၆)လမ်း၊ ၄ လမ်းနှင့် ၅ လမ်းကြားရှိ ရဲစခန်းအား အမျိုးသား ၂ ဦး(စိစစ်ဆဲ)မှ Clik ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်လုပ်မိုင်း ၂ လုံးဖြင့် ပစ်ခတ်၍ ၁၂ လမ်းဘက်သို့ မောင်းနှင်ထွက်ပြေးသွား ခဲ့ပါသည်။
    
ထိုသို့ပစ်ခတ်မှုကြောင့် လက်လုပ်မိုင်း ၁ လုံးမှာ ရဲစခန်းရှေ့လမ်းပေါ်တွင် ကျရောက်ပေါက် ကွဲသွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ကျန် ၁ လုံးမှာ ပေါက်ကွဲမှုမရှိဘဲ သိမ်းဆည်း ရမိသဖြင့် ဖျက်ဆီးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
    
ထို့အတူ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်၊ကမ်းနားလမ်းတွင် မော်တော်ဆိုင်ကယ်ဖြင့် အမျိုးသား ၂ ဦးမှ လက်လုပ်မိုင်း ၁ လုံးဖြင့် လည်းကောင်း၊ ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်၊ မြစ်သာမြစ်ကမ်းဘေးကားလမ်းနေရာတွင် မော်တော်ဆိုင်ကယ်ဖြင့် အမျိုးသား၂ ဦးမှ လက်လုပ်မိုင်း ၁ လုံးဖြင့် လည်းကောင်း ပစ်ခတ်ထွက်ပြေးမှုကြောင့် လမ်းပေါ်များသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူ၊ တိရစ္ဆာန်နှင့် ပစ္စည်းများ ပျက်စီးထိခိုက်မှုမရှိကြောင်း သိရှိရသည်။
    
အထက်ပါကဲ့သို့ ရဲစခန်းများ၊ နိုင်ငံတော်ပိုင်အအောက်အဦများအား အကြမ်းဖက်သူလူအုပ်စု များမှ ဖျက်ဆီးရန်ရည်ရွယ်ချက်ဖြင့် မီးပုလင်း၊ လက်လုပ်မိုင်းတို့ဖြင့် ပစ်ခတ်နေသူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးနှင့် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိပါသည်။