မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၂၇    
    
မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
    
ထိုသို့ဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ရာ  ဇွန်လ ၂၆ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ငဖဲ မြို့နယ်၊ မြို့မရပ်ကွက်ရှိ ဦးမောင်မောင်လွင်(ခ)ကိုပေါက် (စိစစ်ဆဲ)ပိုင်ဆိုင်ပြီး လူနေထိုင်ခြင်း မရှိ သည့်နေအိမ်၌ လက်လုပ်ဗုံးများပြုလုပ်နေကြောင်း သတင်းအရ  လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးရာ အဆိုပါနေအိမ်အတွင်းမှ လက်လုပ်မိုင်း ၂၁ လုံး၊ လက်လုပ်ကျည်ဆံ ၁၃ တောင့်၊ အရှည် ၁၅၀ ပေခန့်ရှိ ယမ်းကြိုးခွေ ၁ ခွေ၊ အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
    
အလားတူ မွန်းလွဲ ၂ နာရီခွဲခန့်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဇော်ဂျီ(၁)လမ်းရှိ ပိုင်ရှင်(စိစစ်ဆဲ)၏ ၅ ထပ်တိုက်အပေါ်ဆုံးထပ်၌ အကြမ်းဖက်ဖောက်ခွဲရေးပြုလုပ် သူများ ရောက်ရှိနေထိုင်လျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့ကသွားရောက်စစ်ဆေးခဲ့ရာ အဆိုပါအခန်းအတွင်းမှ မြဝတီမြို့နယ်၊ ထိဝါပလောကျေးရွာနေ ကောင်းမြတ်သူ(၃၅)နှစ် (ဘ)ဦးခွေးကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝနရပ်ကွက်နေ ရွှေစိုး(၃၂)နှစ် (ဘ)ဦးသိန်းထွန်း၊ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ ကံ့ကော်ရပ်ကွက်နေ ရန်လင်းအောင် (၂၄)နှစ် (ဘ)ဦးစန်ခမ်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ဟိုနားရပ်ကွက်နေ နန္ဒစိုး(၃၁)နှစ် (ဘ)ဦးညိုမောင်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၈)မိုင်နေ မနှင်းရီရီလွင် (၂၄)နှစ် (ဘ)ဦးကျော်မြင့်နှင့် ကမာရွတ်မြို့နယ်၊ မဟာဘောဂ(၂)လမ်းနေ မနှင်းနုထား(၃၂)နှစ်တို့ ၆ ဦးအား LUGER ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၁၉ တောင့်၊ ဖုန်းဖြင့်တွဲလျက် လက်လုပ်မိုင်း ၂ လုံး၊ ဒရုန်း ၃ ခု၊ လက်ကိုင်ဖုန်း ၆ လုံး၊ အခြားဆက်စပ်ပစ္စည်းများတို့နှင့်အတူ တွေ့ရှိဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
    
အလားတူ ည ၈ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာ နွယ်စဉ်ရပ်ကွက်၊ ၇၁ လမ်းနှင့် ၃၉ လမ်းကြားရှိ အိမ်အမှတ်(က/၇၂)နေ မျိုးဇာနည်(၃၈)နှစ်၊ (ဘ) ဦးမောင်မောင်၏ နေအိမ်၌ ဖောက်ခွဲရေးပစ္စည်းများပြုလုပ်နေကြောင်းသတင်းအရ  လုံခြုံရေးတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်အတွင်းမှ မျိုးဇာနည် နှင့်အတူ  မဟာအောင်မြေမြို့နယ်၊ မြောက်ပြင်ထားဝယ်ရပ်နေ အောင်စိုးထိုက်(၂၆)နှစ် (ဘ)ဦးစိုးမြင့်၊ မိုးမင်းသူ (ခ) မိုးကြီး၊ မိုးစက်(ခ) ပြည့်ဖြိုးအောင်နှင့် မအင်ကြင်းခိုင်တို့ ၄ ဦးတို့အား တွေ့ရှိရပြီး ဆက်လက် ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ ကျည်ကာအင်္ကျီ ၁၀ ထည်၊ လက်လုပ်သေနတ် ၂ လက်၊ ၎င်းကျည် ၄ တောင့်၊ လက်လုပ် Gas သေနတ် ၁ လက်၊ လက်လုပ်မိုင်းမျိုးစုံ ၅၉ လုံး၊ အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိ ခဲ့ကြောင်း သိရှိရသည်။
    
အလားတူ ဇွန်လ ၂၇ ရက် နံနက် ၁၀ နာရီခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ ကျော်ဝင်း(၆၇)နှစ် (ဘ) ဦးရွှေ၏နေအိမ်အား သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းအားနေအိမ်အတွင်းမှ လက်လုပ် လေသေနတ် ၁ လက်၊ ဆိုင်ကယ်စမုတ်တံထည့်၍ ပစ်ခတ်ရသော ဒူးလေး ၁ လက်၊ အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
    
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များအား သိုဝှက်သိမ်းဆည်းထားရှိသူများနှင့် လက်ဝယ်ထားရှိသူအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။