မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည် တစ်စင်းကို ပင်လယ်အတွင်း ပစ်လွှတ်

မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည် တစ်စင်းကို ပင်လယ်အတွင်း ပစ်လွှတ်

မြောက်ကိုရီးယားနိုင်ငံက စက်တင်ဘာ ၂၈ ရက်တွင် တာတိုပစ်ဒုံးကျည်တစ်စင်းကို ပင်လယ်အတွင်း ပစ်လွှတ်လိုက်ကြောင်း သိရသည်။

ယခုပစ်လွှတ်မှုသည် မြောက်ကိုရီးယား နိုင်ငံအနေဖြင့် ယခုလအတွင်း  တတိယ အကြိမ်မြောက် ဒုံးကျည်ပစ်လွှတ်မှုဖြစ်ကာ တောင်ကိုရီးယားနှင့် ဆွေးနွေးမှု လုပ်ဆောင်ရန်အသင့်ရှိသည်ဟု  ပြောဆိုပြီးနောက် ယခုကဲ့သို့ လုပ်ဆောင်ခြင်းလည်း ဖြစ်သည်။

ထို့ပြင် ယခုလုပ်ဆောင်သည့် ဒုံးကျည်ပစ်လွှတ်မှုသည် တောင်ကိုရီးယား အနေဖြင့် မည်ကဲ့သို့ တုံ့ပြန်မည်ကို   သိရှိလိုသော သဘောဖြင့်  လုပ်ဆောင်ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။

တောင်ကိုရီးယားအစိုးရ အနေဖြင့် မြောက်ကိုရီးယား၏   ဒုံးကျည်ပစ်လွှတ်မှုကို မြင်တွေ့ပြီးသည့်အခါ လိုတစ်မျိုး၊ မလိုတစ်မျိုး မူဝါဒဖြင့် ပြောဆိုခြင်းရှိ၊ မရှိနှင့် ထိုလုပ်ရပ်ကို ရန်စသည့်လုပ်ရပ်ဟု သမုတ်ခြင်း ရှိ၊မရှိ မြောက်ကိုရီးယားက  စမ်းသပ်ခြင်း ဖြစ်နိုင်သည်ဟု သုတေသီ တစ်ဦးဖြစ်သည့် ရှင်ဘိုချူး ကပြောသည်။

မြောက်ကိုရီးယားဒုံးကျည်ပစ်လွှတ်ပြီးနောက် တောင်ကိုရီးယား အစိုးရက နိုင်ငံတော်လုံခြုံရေး ကောင်စီ အစည်းအဝေးကို ချက်ချင်းပြုလုပ်ကာ မြောက်ကိုရီးယား၏ လုပ်ဆောင်မှုအတွက်  ဝမ်းနည်းကြောင်း ထုတ်ပြန်သည်။

မြောက်ကိုရီးယားသည် အဆိုပါ ဒုံးကျည်ကို တောင်ထူထပ်သော နိုင်ငံမြောက်ပိုင်းရှိ   ဂျာဂန်းပြည်နယ်မှ ပစ်လွှတ်ခြင်းဖြစ်ပြီး ဒုံးကျည်မှာ အရှေ့ပိုင်း ကမ်းရိုးတန်းအလွန် ရေပြင်သို့ ကျရောက်ကြောင်း တောင်ကိုရီးယား တပ်မတော်က    အစောပိုင်းတွင် ထုတ်ပြန်ထားသည်။

မြောက်ကိုရီးယားနိုင်ငံ အနေဖြင့် အသံထက်အလွန်မြန် လေဟုန်စီးယာဉ်ကဲ့သို့ ဒုံးကျည် အမျိုးအစားအသစ်များကို စမ်းသပ် လာနိုင်ဖွယ်ရှိကြောင်း မြောက်ကိုရီးယား အရေး လေ့လာသူ ပါမောက္ခကင်ဒေါင်ယွတ် ကပြောသည်။             

Ref: Military