မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စကားပြောသင် တန်းနှင့် ကွန်ပျူတာအခြေခံသင်တန်း ဆင်းပွဲပြုလုပ်

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စကားပြောသင် တန်းနှင့် ကွန်ပျူတာအခြေခံသင်တန်း ဆင်းပွဲပြုလုပ်

နေပြည်တော်၊ မေ - ၂၀

နွေရာသီကျောင်းပိတ်ရပ်များတွင် ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သားမိသားစုဝင်သား၊ သမီးများအတွက် ဖွင့်လှစ်သည့် ယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စကားပြောသင်တန်းနှင့် ကွန်ပျူတာ အခြေခံသင်တန်းများဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင် ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ကြသည်။
ဦးစွာ တိုင်းမှူးက သင်တန်းဆင်းအမှာစကားပြောကြားသည်။ ထို့နောက် သင်တန်းအလိုက် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် သင်တန်းနည်းပြ များအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများအား ယဉ်ကျေး လိမ္မာသင်တန်းမှ သင်တန်းသား ကျောင်းသား၊ ကျောင်းသူများက သရုပ်ပြ ကပြဖျော်ဖြေကြသည်။
အဆိုပါ သင်တန်းများတွင် ယဉ်ကျေးလိမ္မာသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၁၁၂ ဦး၊ ကွန်ပျူတာအခြေခံသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၁၃၆ ဦးနှင့် အင်္ဂလိပ်စကားပြောသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၁၁၈ ဦးတို့ ဖြင့် မေ ၂ ရက်မှ ယနေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။