မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၄၉)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၄၉)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဩဂုတ်- ၃

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၄၉)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ဩဂုတ် ၂ ရက် နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ ဓမ္မရုံ၌ ပြုလုပ်ရာ မြစ်ကြီးနားမြို့၊ အောင်ဇေရန်အောင်တပ်ဦး ကျောင်းတိုက် ဦးစီးပဓာနနာယက မဟာမင်္ဂလဓမ္မဇောတိကဓဇဘဒ္ဒန္တ ဉတ္တမသီရိ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အောင်ဇေရန်အောင်တပ်ဦး ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော် များကို နာယူကြသည်။ ထို့နောက် တိုင်းမှူးက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။