မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲတွင် မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်(စခန်းရုံး)အသင်းက ဒိုင်းဆုရရှိ

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲတွင် မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်(စခန်းရုံး)အသင်းက ဒိုင်းဆုရရှိ

နေပြည်တော်၊ မေ - ၂၀

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် နယ်မြေခံတပ်အားကစားကွင်း၌ ပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အသင်းများအတွက် အားကစားပစ္စည်း များ ပေးအပ်ရာ တိုင်းမှူးက လက်ခံရယူပြီး ပြိုင်ပွဲဝင်အသင်းများ၏ ဗိုလ်လုပွဲယှဉ်ပြိုင် ကစားမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြု လုပ်ရာ ဒိုင်အဖွဲ့ဝင်များ၊ တစ်ဦးချင်းဆုရရှိကြသူများ၊ အသင်းလိုက်ဆုရရှိကြသူများနှင့် ဒိုင်းဆုရရှိသည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(စခန်းရုံး)အသင်းတို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ဂုဏ်ပြု ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့ များမှ ပြိုင်ပွဲဝင်အသင်း ၁၀ သင်းဖြင့် မေ ၉ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။