မြောက်ဥက္ကလာပနှင့် အင်းစိန်မြို့နယ်တို့၌ လမ်းပိတ်ဆို့ထားသည့် အတားအဆီးများအား ရှင်းလင်းဖယ်ရှားစဉ် လက်လုပ်မိုင်းဟုယူဆရသော ပစ္စည်းများသိမ်းဆည်းရမိ

မြောက်ဥက္ကလာပနှင့် အင်းစိန်မြို့နယ်တို့၌ လမ်းပိတ်ဆို့ထားသည့် အတားအဆီးများအား ရှင်းလင်းဖယ်ရှားစဉ် လက်လုပ်မိုင်းဟုယူဆရသော ပစ္စည်းများသိမ်းဆည်းရမိ

နေပြည်တော်၊ မတ်လ ၁၀ ရက်

နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နေ့/ညမပြတ် လှည့်ကင်းတာဝန်များဆောင်ရွက်ခြင်း၊ ဆူပူဆန္ဒ ပြသူလူအုပ်စုများအား ဖြိုခွဲထိန်းသိမ်းခြင်း၊ အများပြည်သူသွားလာအသုံးပြုသည့် လမ်းမကြီး များအားအသုံးပြု၍မရအောင် ပိတ်ဆို့တားဆီးထားသည့် အတားအဆီးများအား လူအင်အား၊ စက်ယန္တယားအင်အားများဖြင့် ရှင်းလင်းဖယ်ရှားခြင်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့ နေ့လည် ၁၂ နာရီ ၅၀ မိနစ်မှ ၁ နာရီ ၄၅ မိနစ် အချိန်ခန့်အထိ မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းနှင့် နွယ်နီ လမ်းဆုံတို့၌ ဆူပူဆန္ဒပြသူလူအုပ်စုမှ အများပြည်သူသွားလာအသုံးပြုသည့် လမ်းမကြီးအား ပိတ်ဆို့ထားသည့် အတားအဆီးများအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖယ်ရှားရှင်းလင်းစဉ် ပိတ်ဆို့ထားသော အတားအဆီးများအတွင်းမှ အလျား(၇)လက်မ၊ လုံးပတ်(၂)လက်မခန့်ရှိ ကော်ပိုက်(၂)ခုဖြင့် ပြုလုပ်ထားသော စနက်တံတပ်ဆင်ထားသည့် လက်လုပ်မိုင်း(၂)လုံးအား ရှာဖွေသိမ်းဆည်းရမိခဲ့ပါသည်။

အလားတူ နေ့လည်(၂)နာရီ ၃၅ မိနစ်အချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ တောင်သူကုန်း ရပ်ကွက်အဝင်လမ်းနှင့် စိုက်ပျိုးရေး(၄)လမ်းထိပ်တို့၌ ဆူပူဆန္ဒပြသူလူအုပ်စုမှ အများပြည်သူ သွားလာအသုံးပြုသည့်လမ်းမကြီးအား ပိတ်ဆို့ထားသည့် အတားအဆီး(၇)ခုအား ဖယ်ရှား ရှင်းလင်းစဉ် ဆူပူဆန္ဒပြသူ အင်အား(၁၅၀)ဦးခန့်မှ အုတ်ခဲ၊ လေးဂွများဖြင့် ပစ်ခတ်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အဓိကရုဏ်းနှိမ်နင်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်နှင့်အညီ ပစ်ခတ် ထိန်းသိမ်းလူစုခွဲခဲ့ရာ အိုက်ပန်(၃၅)နှစ်၊ တောင်သူကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်နေသူပါ အမျိုးသား(၄)ဦးအား ဖမ်းဆီးရမိခဲ့ပြီး အတားအဆီးများအတွင်းမှ ကျွဲရိုင်းအချိုရည်ဘူးခွံဖြင့် ပြုလုပ်ထားပြီး(ယမ်းဟုယူဆရသော) အဖြူရောင်အမှုန့်များ ထည့်သွင်းထားသည့် လက်လုပ် မိုင်းဟုယူဆရသော ဘူး(၁၃)ခုအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
အထက်ပါဖြစ်စဉ်(၂)ခုမှ လက်လုပ်မိုင်းပြုလုပ်သူများအား ဥပဒေနှင့်အညီအမှုဖွင့် အရေးယူနိုင်ရေး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။

ယခုအခါတွင် ဆူပူလိုသူလူအုပ်စုအနေဖြင့် အေးချမ်းစွာဆန္ဒပြသည့် အခြေအနေမှ အကြမ်းဖက်သည့်ပုံသဏ္ဍာန်သို့ ပြောင်းလဲကျင့်သုံးလာကာ ပေါက်ကွဲစေတတ်သော ခဲယမ်း များအား အသုံးပြုလာသည့်အခြေအနေကို နေရာဒေသအချို့၌တွေ့ရှိလာရသဖြင့် အများပြည်သူ လူထုအနေဖြင့် မလိုအားအပ်သော ထိခိုက်ဒဏ်ရာရရှိမှုများမဖြစ်ပေါ်စေရေး လူစုလူဝေးများ အားရှောင်ရှားသင့်ပါကြောင်းနှင့် မသင်္ကာဖွယ်အရာဝတ္ထုများအား မိမိတို့၏ပတ်ဝန်းကျင်၌ တွေ့ရှိရပါက သက်ဆိုင်ရာသို့ ဆက်သွယ်သတင်းပေးပို့နိုင်ပါရန် အသိပေးသတင်းထုတ်ပြန် အပ်ပါသည်။