မြောင်းမြမြို့၊ ကျိုက်လတ်မြို့နှင့် ဇလွန်မြို့တို့ရှိ ပြည်သူ့ဆေးရုံများနှင့် အခြေခံပညာကျောင်းများ၌ စုပေါင်း သန့်ရှင်းရေးပြုလုပ်

မြောင်းမြမြို့၊ ကျိုက်လတ်မြို့နှင့် ဇလွန်မြို့တို့ရှိ ပြည်သူ့ဆေးရုံများနှင့် အခြေခံပညာကျောင်းများ၌ စုပေါင်း သန့်ရှင်းရေးပြုလုပ်

နေပြည်တော်  သြဂုတ်  ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ကျိုက်လတ်မြို့နှင့် ဇလွန်မြို့တို့ရှိ ပြည်သူ့ ဆေးရုံများနှင့် အခြေခံပညာကျောင်းများ သန့်ရှင်းသာယာ လှပရေးအတွက် ယနေ့တွင်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်    ဒေသခံ ပြည်သူများ စုပေါင်း၍    ဆေးရုံများနှင့် စာသင်ကျောင်းများ   အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ  ခုတ်ထွင်ရှင်းလင်း ခြင်းနှင့် အမှိုက်များ ရှင်းလင်းခြင်း  စသည့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။