ယခင် UEC ၏ မဲရလဒ်ကြေညာချက်အပေါ် ယခု့နဃ ၏ မဲလက်မှတ်စစ်ဆေးတွေ့ရှိ ချက်အရ ကွာခြားချက်များအား သတင်းထုတ်ပြန်ခြင်း

ယခင် UEC ၏ မဲရလဒ်ကြေညာချက်အပေါ် ယခု့နဃ ၏ မဲလက်မှတ်စစ်ဆေးတွေ့ရှိ ချက်အရ ကွာခြားချက်များအား သတင်းထုတ်ပြန်ခြင်း

နေပြည်တော်၊ မတ် - ၉

ယခင် ဦးလှသိန်း ဦးဆောင်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဲရလဒ် ကြေညာချက်များအပေါ် ဦးသိန်းစိုး ဦးဆောင်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှ လိုအပ်သည့်မြေပြင်စစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၅ ရက်မှစတင် ၍ ယနေ့မတ်လ ၉ ရက်နေ့အထိ စုစုပေါင်းမြို့နယ် ၁၄ မြို့နယ်၏ စစ်ဆေးတွေ့ရှိချက် များကို UEC မှ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

ယခင် ဦးလှသိန်း ဦးဆောင်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဲရလဒ် ကြေညာချက်များနှင့် ယခု ဦးသိန်းစိုး ဦးဆောင်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၏ နှိုင်းယှဉ်စစ်ဆေးခဲ့ရာ ယခု UEC ၏ လက်ရှိ မြေပြင်စစ်ဆေးချက်အရ မြို့နယ်ပေါင်း ၁၄ မြို့နယ်အတွက် မဲလက်မှတ်ထုတ်ယူရရှိမှု ၂၀၇၆၀၆၅ စောင် ရှိပြီး အသုံးပြုမဲလက်မှတ် ၁၄၃၆၅၁၆ စောင် ရှိသဖြင့် ကျန်ရမည့် မဲလက်မှတ်မှာ ၆၃၉၅၆၄ စောင် ရှိရမည်ဖြစ်သော်လည်း မြေပြင်လက်ကျန်မှာ ၅၉၆၀၀၇ စောင် ရှိပြီး ပျောက်ဆုံး ၆၅၅၃၀ စောင်၊ ပိုသုံး ၂၁၉၈၈ စောင်ဖြစ်၍ မဲသမာမှုရှိနိုင်သည့် မဲလက်မှတ်အရေအတွက် ၈၇၅၁၈ စောင်ဖြစ်ကြောင်း တွေ့ရှိ ရပါသည်။

ယခင် UEC ၏ ပြည်သူ့လွှတ်တော်ဆန္ဒမဲ ရလဒ်ကြေညာချက်အရ ပယ်မဲ၊ ပျောက်မဲ၊ ခိုင်လုံမဲ အရေအတွက်စုစုပေါင်း ၁၄၄၈၃၆၃ စောင်ရှိခဲ့ပြီး ယခု UEC ၏ စစ်ဆေးတွေ့ရှိ ချက်အရ အသုံးပြုခဲ့သည့် မဲလက်မှတ်အရေအတွက်မှာ ၁၄၃၆၅၁၆ စောင် ရှိသဖြင့် မဲမသမှု ရှိနိုင်သည့်အရေအတွက် ၁၁၈၄၇ စောင် ရှိကြောင်း တွေ့ရှိရပါသည်။

ယခုစစ်ဆေးတွေ့ရှိချက်ကို ထပ်မံအသေးစိတ်စစ်ဆေးခြင်း၊ မြေပြင်စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်၍ စိစစ်တွေ့ရှိချက်များအား ထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။