ယခုဘဏ္ဍာနှစ် သုံးလကျော်ကာလအတွင်း ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ  ရနောင်းမြို့သို့ ရေထွက်ကုန်တန်ချိန် တစ်သိန်းကျော်တင်ပို့ပြီးဖြစ်

ယခုဘဏ္ဍာနှစ် သုံးလကျော်ကာလအတွင်း ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ  ရနောင်းမြို့သို့ ရေထွက်ကုန်တန်ချိန် တစ်သိန်းကျော်တင်ပို့ပြီးဖြစ်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နှစ်စပိုင်းကာလမှ ဇန်နဝါရီ တတိယပတ်အထိ   သုံးလကျော်ကာလအတွင်း ငါး၊ ပုစွန်နှင့်တခြားရေထွက်ကုန်တန်ချိန်   တစ်သိန်းကျာ်တင်ပို့ထားကာအမေရိကန်ဒေါ်လာ  ၉၈  သန်းကျော်ရရှိပြီးဖြစ်ကြောင်း    ငါးလုပ်ငန်းဦးစီးဌာန ကော့သောင်းခရိုင်ဦးစီးမှူး ဦးသန့်ဇင်၏ပြောပြချက်အရ သိရသည်။

ယခုဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇန်နဝါရီ ၂၀ ရက်အထိ ရေထွက်ကုန်တန်ချိန်  ၁၁၁၅၁၄ တန်တင်ပို့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၉၈ ဒသမ ၅၂၅ သန်းရရှိပြီးဖြစ်ပါတယ်။ တစ်ရက်ကို ငါးသယ်လှေအစင်းရေ ၃၀ ဖြင့်  ပျမ်းမျှအခေါက်ရေ ၃၀ သွားတယ်}}ဟု ဦးသန့်ဇင်ကပြောသည်။

ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ငါး၊ ပုစွန်နှင့် တခြားရေထွက်ကုန်ပစ္စည်းများ  နေ့စဉ်ပုံမှန်တင်ပို့လျက်ရှိရာ ဇန်နဝါရီ ၂၀ ရက်က ရေယာဉ် ၃၂ စင်းဖြင့် ကုန်တန်ချိန်  ၁၂၃၄  ဒသမ  ၂၈၂  တန် တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၁ သန်းရရှိကြောင်း သိရသည်။                        ဆုလာဘ်