ယခုဘောလုံးရာသီတွင် မန်ယူအသင်းနှင့်အတူ ပေါ့ဂ်ဘာဆက်လက်ရှိနေမည်ဖြစ်သော်လည်း လာမည့်အပြောင်းအရွှေ့ကာလတွင် ဒုတိယအကြိမ်အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာမည်

မန်ချက်စတာ၊ ဘောလုံး

မန်ယူအသင်းကွင်းလယ်ကစားသမား ပေါ့ဂ်ဘာသည် ယခုဘောလုံးရာသီတွင် အသင်းနှင့်ကစား ရန်ဆုံးဖြတ်ခဲ့သော်လည်း အနာဂတ် မရေမရာဖြစ်နေဆဲဖြစ်ပြီး    လာမည့်အပြောင်းအရွှေ့ကာလတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းမှ ဒုတိယအကြိမ် ထွက်ခွာ ဖွယ်ရှိကြောင်း သိရသည်။

ပေါ့ဂ်ဘာသည် လက်ရှိကစားသမားအပြောင်း အရွှေ့ကာလအစပိုင်းကတည်းက အနာဂတ်မရေမရာ ဖြစ်နေပြီး မန်ယူအသင်းမှ  သက်တမ်း တိုးစာချုပ်ချုပ်ဆိုရန်  ကမ်းလှမ်းမှုများပြုလုပ်ခဲ့သော်လည်း  ၎င်းကိုယ်တိုင်က ငြင်းဆိုခဲ့ပြီး ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့ ကစားရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ပီအက်စ်ဂျီအသင်းမှ တာဝန်ရှိသူများနှင့် အေးဂျင့် ရိုင်အိုလာတို့ ပေါ့ဂ်ဘာ၏ အပြောင်းအရွှေ့နှင့်ပတ်သက်၍ တရားဝင် ဆွေးနွေး မှုများပြုလုပ်ခဲ့ကာ ပြောင်းရွှေ့ ကြေး စတာလင်ပေါင် သန်း ၄၀ ဝန်းကျင်ဖြင့် ခေါ်ယူ ရန်နီးစပ်ခဲ့သော်လည်း ပီအက်စ်ဂျီအသင်းက မက်ဆီ ကိုခေါ်ယူရန်အတွက်   လုပ်ဆောင်ခဲ့မှုများကြောင့် ပေါ့ဂ်ဘာကို လက်ရှိ ကစားသမားအပြောင်းအရွှေ့ကာလတွင် မခေါ်ယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ပီအက်စ်ဂျီအသင်းမှ တာဝန်ရှိသူများ နှင့်ပေါ့ဂ်ဘာတို့ကြား သဘောတူညီမှုတစ်ရပ်ထားရှိပြီးဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေပြီး ပီအက်စ်ဂျီအသင်းအနေဖြင့် မက်ဆီကိုခေါ်ယူခဲ့သည့် အတွက်   ကစားသမားများ၏မြင့်မားသည့်လုပ်ခလစာကြောင့်   ပေါ့ဂ်ဘာကိုခေါ်ယူရန်   ယာယီဖျက်သိမ်းခဲ့သော်လည်း   လာမည့်ဇန်နဝါရီကစားသမားအပြောင်းအရွှေ့ကာလတွင်    အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုများပြုလုပ်ပြီး လာမည့်ဘောလုံးရာသီကုန်ဆုံးလျှင်  အလွတ်ပြောင်းရွှေ့ကြေးဖြင့်  ပြောင်းရွှေ့ကစားရန်  ဆုံးဖြတ် ထားကာ မန်ယူအသင်းကလည်း   ၎င်း၏နေရာတွင်အစားထိုး ရန်ကစားသမားရှာဖွေမှုများ    ပြုလုပ်နေကြောင်း သိရသည်။                

  Ref;90Min