ယနေ့ထုတ်ပြန်ချက်အရ COVID-19  ရောဂါ ပိုးတွေ့လူနာ ၁၈  ဦး ထပ်တိုး

နေပြည်တော်  မတ်  ၂၂

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍  သတင်းထုတ်ပြန်ချက်အရ  ယနေ့ဓာတ်ခွဲ အဖြေများ၌  COVID-19   ရောဂါပိုးတွေ့လူနာ  ၁၈ ဦးရှိကြောင်း  သိရသည်။

(၂၁-၃-၂ဝ၂၁)ရက် ည ၈ နာရီမှ (၂၂-၃-၂ဝ၂၁)ရက်  ည ၈ နာရီအတွင်း   ဓာတ်ခွဲနမူနာ စုစုပေါင်း  ၂၃၁၆ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၈ ဦး တွေ့ရှိရသည်။

သို့ဖြစ်ပါ၍  ယနေ့အထိ  ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၅၂၄၇၇ဝ ခုအား စစ်ဆေးခဲ့ပြီး COVID-19   ရောဂါဓာတ်ခွဲ အတည်ပြုလူနာ  စုစုပေါင်း ၁၄၂၂၆၄ ဦး ရှိပြီဖြစ်သည်။

ယနေ့တွင်  ဆေးရုံဆင်းခွင့်ရရှိသူ နှစ်ဦးဖြစ်သဖြင့်  ယနေ့အထိ  စုစုပေါင်း ၁၃၁၇၆၅  ဦး  ဆေးရုံမှဆင်းခွင့်ရရှိပြီး ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက  သတင်း ထုတ်ပြန်ထားသည်။