ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၁၁၂၇ ဦး ထပ်တိုး

နေပြည်တော်  ဒီဇင်ဘာ  ၁၃

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ် ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲ အဖြေများ၌ COVID-19  ရောဂါပိုးတွေ့ လူနာ ၁၁၂၇ ဦးနှင့် သေဆုံးသူ ၂၃ ဦးရှိကြောင်း သိရသည်။

(၁၂-၁၂-၂ဝ၂ဝ)ရက် ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲ အတည်ပြုလူနာ ၁၃၅၂ ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေကို ယနေ့ည ၆ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။

(၁၂-၁၂-၂ဝ၂ဝ)ရက် ည ၈ နာရီမှ (၁၃-၁၂-၂ဝ၂ဝ)ရက် ည ၈ နာရီ အတွင်း  ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၈၅၆၄ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၁၁၂၇ ဦး တွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။