ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၁၁၇ဝ ဦးထပ်တိုး

နေပြည်တော်  ဒီဇင်ဘာ  ၁၄

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19  ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲ အဖြေများ၌ COVID-19   ရောဂါပိုးတွေ့လူနာ ၁၁၇ဝ ဦးနှင့် သေဆုံးသူ ၂၄ ဦးရှိကြောင်း သိရသည်။

(၁၃-၁၂-၂ဝ၂ဝ)ရက် ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ ၁၁၂၇ ဦး၏ မြို့နယ်အလိုက်တွေ့ရှိရမှု အခြေအနေကို ယနေ့ညနေ ၄ နာရီခွဲတွင် သတင်းထုတ်ပြန်ခဲ့သည်။

(၁၃-၁၂-၂ဝ၂ဝ)ရက် ည ၈ နာရီမှ (၁၄-၁၂-၂ဝ၂ဝ)ရက် ည ၈ နာရီ အတွင်း  ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၉၁၁၅ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ COVID-19  ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၁၁၇ဝ ဦး တွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။