ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၁၄၂၈  ဦးထပ်တိုး

နေပြည်တော်   နိုဝင်ဘာ   ၂၇

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍  သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲ အဖြေများ၌ COVID-19 ရောဂါပိုးတွေ့ လူနာ ၁၄၂၈ ဦးနှင့် သေဆုံးသူ ၁၉ ဦးရှိကြောင်းသိရသည်။

(၂၆-၁၁-၂၀၂၀)ရက်  ဓာတ်ခွဲစစ်ဆေးမှုများတွင်   တွေ့ရှိခဲ့သောဓာတ်ခွဲအတည်ပြု လူနာ ၁၆၃၉ ဦး၏ မြို့နယ်အလိုက်  တွေ့ရှိရမှု အခြေအနေကို ယနေ့ညနေ ၄ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။

(၂၆-၁၁-၂၀၂၀)ရက် ည ၈ နာရီမှ (၂၇-၁၁-၂၀၂၀)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၈၁၉၇ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၁၄၂၈ ဦး တွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။