ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၁၅၂၇ ဦးထပ်တိုး

နေပြည်တော်  ဒီဇင်ဘာ  ၅

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ် ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ ၁၅၂၇ ဦးနှင့် သေဆုံးသူ ၂၂ ဦးရှိကြောင်း သိရသည်။

(၄-၁၂-၂ဝ၂ဝ)ရက် ဓာတ်ခွဲစစ်ဆေးမှုများတွင်တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ ၁၅ဝ၂ ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေကို ယနေ့ညနေ ၄ နာရီခွဲတွင် သတင်းထုတ်ပြန်ခဲ့သည်။

(၄-၁၂-၂ဝ၂ဝ)ရက် ည ၈ နာရီမှ (၅-၁၂-၂ဝ၂ဝ)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၃၃ဝဝ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ်  ၁၅၂၇ ဦးတွေ့ရှိရကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။