ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၆၄၈ ဦးထပ်တိုး

နေပြည်တော်  ဒီဇင်ဘာ  ၂၈

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲ အဖြေများ၌ COVID-19  ရောဂါပိုးတွေ့လူနာ ၆၄၈ ဦးနှင့် သေဆုံးသူ ၁၇ ဦးရှိကြောင်း သိရသည်။

(၂၇-၁၂-၂ဝ၂ဝ)ရက်  ဓာတ်ခွဲစစ်ဆေးမှုများတွင်  တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ ၆ဝ၆ ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေကို ယနေ့ညနေ ၄ နာရီခွဲတွင် သတင်းထုတ်ပြန်ခဲ့သည်။

(၂၇-၁၂-၂ဝ၂ဝ)ရက်   ည ၈ နာရီမှ (၂၈-၁၂-၂ဝ၂ဝ)ရက် ည ၈ နာရီ အတွင်း  ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၉၁ဝ၈ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၆၄၈ ဦး တွေ့ရှိရကြောင်း   ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက  သတင်းထုတ်ပြန် ထားသည်။